အပိုင်း ၃၁

2.3K 348 8
                                    

Unicode

မှောင်ရီပျိုးစအချိန်လောက်တွင်တော့ ခါးလယ်လောက်ခန့်နက်သည့် ချောင်းငယ်လေးတစ်စင်းကို ချန်းနို ရှာတွေ့သွားသည်။

လျှိုကွမ်းမှာအလွန်အကျွံ ရေဓာတ်ခမ်းခြောက်နေပြီး သူ့အဝတ်များသည်ပင် မီးခိုးရောင်သန်းနေ၏။ ချန်းနိုကလျှိုကွမ်းကို ကျောပိုးလျက်သားနှင့် စမ်းချောင်းထဲသို့ဆင်းလိုက်ပြီးနောက် လျှိုကွမ်းကိုရေတိုက်သည်။ ပြီးနောက်တွင် ထိုကလေး၏သွေးစွန်းနေသေးသည့် ဒဏ်ရာတွေအားဂရုတစိုက် သန့်ရှင်းပေးလိုက်သည်။ လျှိုကွမ်းကသတိမေ့နေသော်လည်း သူ့ခန္ဓာကိုယ်ကဆိုးဆိုးရွားရွားရေဆာနေသဖြင့် သူ့ဗိုက်တွေဖောင်းကားသည်အထိ အငမ်းမရသောက်ရှာသည်။ ဒဏ်ရာတွေကအနာဖေးတက်လာပြီဖြစ်သော်လည်း  အတော်လေးကြည့်ရဆိုးနေသေး၏။ 

လျှိုကွမ်းအားအဝတ်အစားလဲပေးပြီးနောက်တွင် ကောင်းကင်ယံကလုံးဝဥသုံ အမှောင်ကျသွားပြီး အမျိုးမျိုးသောသားရဲတွေ၏ အော်သံတွေကိုပင်ကြားလာရ၏။ ချန်းနို၏နှလုံးသားကကြောက်စိတ်ကြောင့် မွန်းကြပ်နေပြီး၊ ပင်ပန်းနေသည်။ သူကလျှိုကွမ်းအားတင်းတင်းကြပ်ကြပ်ဖက်ထားရင်းနှင့် ဓားတိုလေးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလိုက်သည်။ ဖြတ်သန်းခဲ့သည်များကို ပြန်လည်တွေးတောရင်းနှင့် သူမည်မျှပင်အတွေ့အကြုံနုနေသေးကြောင်းကို သဘောပေါက်သွားခဲ့သည်။ သူလျှိုကွမ်းကိုအလိုလိုက်ခဲ့ကြောင်းက မှန်ကန်သော်လည်း၊ အချိန်အများစု၌ ထိုကလေးကိုသာမှီခိုနေခဲ့သည်ကလည်း နောက်ထပ်အမှန်တရားတစ်ခုဖြစ်၏။ 

မကြာသေးမီကဖြစ်ပျက်ခဲ့သော ပြဿနာကိုရင်ဆိုင်နေချိန်က ခံစားခဲ့ရသောကြောက်ရွံ့တုန်လှုပ်မှုများသည်လည်း နောက်ဆုံးတော့လျော့ပါးသွားခဲ့ပြီး၊ ချန်းနိုကစိတ်လက်ပေါ့ပါးစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတစ်ညလုံးမအိပ်ခဲ့သော်လည်း သူ့စိတ်စွမ်းအင်တွေက ပင်ပန်းမှုတို့မရှိနေ။ 

လျှိုကွမ်းကယခုချိန်ထိ မနိုးသေးသော်လည်း သူ့ခန္ဓာကိုယ်အပူချိန်က သာမန်လူတို့၏ကိုယ်ပူချိန်ထက် အနည်းငယ်သာမြင့်နေတော့သည်။ ချန်းနိုကထိုအချင်းအရာကိုကြည့်၍ အတော်လေးစိတ်အေးသွားသည်။ လျှိုကွမ်း၏ခြောက်သွေ့ကွဲအက်နေခဲ့သည့် နှုတ်ခမ်းတို့ကအများကြီးစိုပြေကောင်းမွန်လာသည်ဖြစ်ရာ ရေဓာတ်ပြန်လည်ပြည့်ဝလာသည်က ထင်ရှားသည်။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Where stories live. Discover now