အပိုင်း ၂၇

2K 342 3
                                    


Unicode


ချန်းနိုနှင့်လျှိုကွမ်းကသူတို့နှင့်လမ်းကြောင်းတူသော လူတွေ၏အနောက်ကလိုက်ရင်းနှင့် လမ်းမကြီးတလျှောက်၊ ဆက်လျှောက်လာကြသည်။ သူတို့ယခုမြင်နေရသည့်ရှုခင်းတွေက မွဲခြောက်မှိုင်းညို့နေသောအမှိုက်တောင်နားက ရွာ၏ရှုခင်းတွေနှင့်တခြားစီပင်။ ကောင်းကင်ပြာကြီးကတိမ်တွေကင်းစင်နေပြီး လင်းထိန်းနေကာ၊ တောတွေတောင်တွေထဲတွင် ဆန်းပြားသောဒေသပေါက်ပင်များနှင့် တိရစ္ဆာန်များကိုတွေ့ရသည်။

နေ့လယ်နေ့ခင်းလောက်ရောက်တော့ အေးမြသည့်နေရာတစ်ခုတွင်သူတို့နားလိုက်ကြပြီး ရေအေးအေးလေးကိုသောက်၍ အသင့်ထုတ်လာခဲ့သောဆန်ကိတ်တွေကိုစားသည်။ ချန်းနိုကလျှိုကွမ်းအား သူ့ပေါင်ပေါ်တွင်ခေါင်းအုံးစေပြီး တရေးတမောလောက်အိပ်ခိုင်းသည်။ ထိုသည်ကိုလျှိုကွမ်းကငြင်းဆန်နေသဖြင့် ချန်းနိုကပြုံး၍ထိုကလေး၏ အားနည်းချက်ကိုထိုးနှက်လိုက်သည်။

"ကောင်းကောင်းမအိပ်တဲ့ကလေးတွေက အရပ်မရှည်ဘူး..."

လျှိုကွမ်းကချန်းနိုအား သံသယမျက်လုံးတွေနှင့် ခဏလောက်ကြည့်လာသော်လည်း နောက်ဆုံးတွင်တော့ချန်းနို၏ပေါင်ပေါ်သို့လှဲချလာသည်။ သူကလိမ်လိမ်မာမာနှင့် မျက်လုံးတွေကိုမှိတ်ထားသော်လည်း နိုးကြားစွာဖြင့် အနီးအနားပတ်ဝန်းကျင်ကလှုပ်ရှားသံတွေကို နားစွင့်နေ၏။

တခါတရံ နေရောင်ခြည်ကသဘာဝပေါင်းမိုးကဲ့သို့ ထူထဲစွာအုံ့ဆိုင်းနေသောသစ်ရွက်တွေကိုဖြတ်၍ လျှိုကွမ်း၏မျက်နှာပေါ်သို့ ကျရောက်လာတတ်သည်။ ဆယ်ကျော်သက်ကောင်ငယ်လေး၏ နှင်လိုဖြူစွတ်သောအသားအရေလေးက ကျန်းမာစွာဝင်းလက်နေပြီး၊ အိပ်နေသည့်ပုံစံလေးကအမှန်တကယ်ကို ငြိမ်းအေးလှချေသည်။ ချန်းနိုကလျှိုကွမ်းအိပ်ပျော်သွားပြီအထင်နှင့် ကိုယ်ကိုညွတ်ကိုင်း၍ထိုကလေး၏နဖူးပြင်လေးအားငုံ့နမ်းလိုက်သည်။ ထို့နောက်သူကကောင်းကင်ပြာကို မိန်းမောစွာငေးမောနေတော့၏။

သူမသိလိုက်သည်မှာ လျှိုကွမ်းကယခုထိအိပ်မပျော်သေးပဲ နိုကြားနေဆဲဆိုသည်ကိုပင်။ ကောင်ငယ်လေး၏မှိတ်ထားသော မျက်ခွံတွေအောက်ကမျက်ဆံတွေက မထင်မှတ်ထားမှုကြောင့်ဟိုဟိုသည်သည် ရွေ့လျားသွားသည်။ သူ၏နားရွက်လေးတွေကနီရဲလာပြီး၊ သူ့ခန္ဓာကိုယ်လေးကပျဥ်ပြားကဲ့သို့ တောင့်တင်းသွား၏။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Onde histórias criam vida. Descubra agora