အပိုင်း ၃

4.8K 523 21
                                    

Unicode

လျှိုကွမ်းက ထိုသို့သောနူးနူးညံ့ညံ့စကားတွေကို ပြောနေရင်းနှင့် ရှက်ရွံ့လာသဖြင့်၊ ဆံပင်တွေအုပ်နေတဲ့သူ့နဖူးကိုသာ ပွတ်နေမိသည်။

ထိုစကားတွေကအတော်လေး ရယ်စရာကောင်းနေသည့်တိုင်အောင် ချန်းနို၏ရင်ထဲကိုတော့ အမှန်တကယ် ထိခတ်သွားစေသည်။ လျှိုကွမ်းကသူ့ကိုအမတစ်ယောက်ဟု ထင်နေသောကြောင့် ယခုလို ကောင်းပေးနေသည်ကို သူသိသည်။ ဘာပဲဖြစ်ဖြစ်ပါလေ စိတ်ပျက်စရာကောင်းတဲ့ဒီလိုနေရာကြီးကို ပြန်လမ်းမဲ့စွာရောက်လာမိမှတော့ ဤနေရာတွင်သူနေနိုင်ရန်သာ ကြိုးစားရတော့မည်။

ချန်းနိုက လျှိုကွမ်းကို သူ့အနားတိုးလာစေရန် လက်ယပ်ခေါ်လိုက်သည်။  လျှိုကွမ်း၏မျက်လုံးစိမ်းလေးတွေက သူ့ကိုစိုက်ကြည့်လာသည်။

"ဘာလဲ?.."

"မင်းကိုသန်းရှာပေးမလို့...."

ချန်းနိုက လျှိုကွမ်း၏လက်မောင်းသေးသေးလေးတွေကို ဆွဲ၍သူ့အရှေ့မှာထိုင်ခိုင်းလိုက်သည်။ ခဏချင်းပင် ထိုကလေးဆီကရသည့် အနံ့တွေကြောင့် ချန်းနိုမူးဝေသွားသည်။ လျှိုကွမ်း၏ဆံပင်တွေက စေးကပ်၊မာတောင့်နေသဖြင့် ရက်အတော်ကြာရေမချိုးထားမှန်း သိသာလှ၏။

"မင်းရေမချိုးတာ ဘယ်လောက်တောင်ကြာသွားပြီလဲ?..."

လျှိုကွမ်းကမည်သူနှင့်မျှ ယခုလောက်ထိနီးနီးကပ်မနေခဲ့ဖူးသဖြင့် သူမနေတတ်စွာ အနည်းငယ်ရုန်းနေမိသည်။ ထိုအချိန်တွင် တစ်ဖက်သူကသူ့အား ရွံရှာနေသကဲ့သို့ စကားမျိုးပြောထွက်လာခြင်း သူကြားလိုက်ရ၏။ သူ မခံမရပ်နိုင်ဖြစ်သွားပြီး အော်ပြောလိုက်သည်။

"ယောကျာ်းတွေက ဒီလိုပဲဟာကို!..။ ယောကျာ်းတိုင်းက ဒီလိုပဲနေတယ်!..."

ထိုစကားတွေကြောင့် ချန်းနိုအကျယ်ကြီးအော်ရယ်လိုက်မိသည်။

သောက်ကျိုးနည်း! ယောကျာ်းတစ်ယောက်ဖြစ်တာနဲ့ပဲ တကိုယ်ရေသန့်ရှင်းရေးမလုပ်ရတော့ဘူးတဲ့လား?

ချန်းနိုက လျှိုကွမ်း၏တဲအိမ်လေးကို လှည့်ပတ်ရှာဖွေလိုက်သည့်အခါတွင် ထောင့်တစ်ထောင့်နားက ရေပုံးတစ်ပုံးကိုတွေ့သွားသည်။ ထို့ကြောင့် သူလျှိုကွမ်းကိုပြောလိုက်သည်။

တင်တင်နှစ်ခုပါသောလူတစ်ယောက်ကိုဘယ်တော့မှလက်မထပ်ပါနဲ့Hikayelerin yaşadığı yer. Şimdi keşfedin