အပိုင်း(၃)

3K 95 0
                                    

(Unicode)

မနက်နေရောင်ခြည်နွေးနွေးက နွေ့အခန်းထဲသို့ဖြာကျလျှင် နွေ့မှာအလင်းရောင်ကြောင့်ဆက်အိပ်မရတော့ဘဲ နိုးလာတော့သည်။

ထပ်အိပ်ချင်စိတ်ကြောင့် အိပ်ယာမှထတာ လိုက်ကာဆွဲပိတ်မည်အလုပ် တစ်ဖက်အိမ်မှကိုယ်တော်ချောက‌စောစောစီးစီးနိုးနေလေရဲ့....

ခြံထဲမှာလေ့ကျင့်ခန်းလုပ်နေသော ဘုန်းစစ်မင်းကိုနွေငေးကြည့်ရင်း တစ်ချက်ပြုံးလိုက်မိသည်။

ငယ်ငယ်တုန်းကသူမရဲ့ကစား‌ဖော်၊ကျောင်းသွားဖော်၊ရန်ဖြစ်ဖော် ကောင်လေးတစ်ယောက်ဟာ ခုချိန်မှာတော့ အမိုက်စား body structure, muscles တွေတောင့်တောင့်ဖြောင့်ဖြောင့်နဲ့လူချောလေးတစ်ယောက်ဖြစ်နေလေပြီ။

သူမအပေါ်အမြဲအနိုင်ယူတတ်တဲ့ကောင်လေး၊ သူမကိုစိတ်ဆိုးအောင်အမြဲစတတ်တဲ့ကောင်လေး၊ ရယ်လိုက်ရင် သွားတတ်ကလေးနဲ့ ပါးလေးတစ်ဖက်ချိုင့်နေအောင်ပြုံးရယ်တတ်တဲ့ကောင်လေး၊ နောက်ပြီးသူမရဲ့ဘယ်ဘက်ခြမ်းမှာအမြဲနေရာယူထားတဲ့ကောင်လေးတစ်ယောက်။

သူငယ်ချင်းဆိုတဲ့စည်းလေးတစ်ခုက နွေတို့နှစ်ယောက်ကို နီးသယောင်နဲ့ ဝေးအောင်ဖန်တီးထားတဲ့ အလွှာပါးလေးတစ်ခုသာ။

…………………………………

"ဟား.……မွှေးနေတာပဲ ၊ ‌‌မားဘာဟင်းချက်တာ"

"ငါးသလောက်ပေါင်းထားတယ် ၊ ဟိုနေ့ကသမီးပဲစားချင်တယ်ဆို ၊ ဒီနေ့ဈေးမှာတွေ့တာနဲ့ဝယ်ခဲ့လိုက်တာ"

"ဒီနေ့တော့ ထမင်းစားကောင်းပြီပဲ"

နွေဗိုက်ကလေးကိုပွတ်ကာ လျှာရည်သိမ်းပြီးပြောလိုက်လျှင် မားက

"သား စစ်မင်း ကိုလဲသွားပို့လိုက်အုံး ၊ သူလဲငါးသလောက်ပေါင်းဆို သိပ်ကြိုက်တာမလား"

"အာ.... မပေးချင်ပါဘူး ၊ တစ်ခါတစ်လေလေးစားရတာကို ၊ မပေးဘူး နွေအကုန်စားမှာ"

"အယ် ….သမီးကလဲ မားအများကြီးချက်ထားပါတယ်ကွယ် ငါ့သားငါ့သမီးတွေ အဝစားလို့ရအောင် သွားပေးလိုက်နော် လိမ္မာတယ်"

သူ (He)Where stories live. Discover now