(Unicode)
"ဟိတ်ကောင်မလေး… ထတော့ ဘယ်ချိန်ရှိနေပြီလဲ … မိန်းကလေးဖြစ်ပြီးစောစောစီးစီးထတယ်လို့ကိုမရှိဘူး''
"အာ … မားကလဲ ဘယ်ချိန်ရှိသေးလို့လဲ အစောကြီးကို''
"ဆယ်နာရီထိုးနေပြီ ဘာအစောကြီးတုန်း အခန်းကလဲမှောင်လို့ပိန်းလို့ … ထစမ်းပါ ငါရိုက်မိတော့မယ်''
"အားးး မား နာတယ်''
အိပ်ယာထဲလူးလိမ့်နေသောနွေ့အားမားစိတ်မရှည်တော့ပဲတင်ပါးကိုခပ်ဆတ်ဆတ်ရိုက်လိုက်တော့မှ အိပ်ယာပေါ်ငုတ်တုတ်ထထိုင်တော့၏၊
အပြောထက်လက်ကမြန်သောမားလက်သံကိုနွေငယ်ငယ်ကပဲကြောက်ရသည်။ သူများတွေလိုဖတဆိုးလေးမို့ဘာမို့ အလိုလိုက်မယ်မဆိုထားနှင့် တစ်ရက်တစ်ရက်အရိုက်မခံရတဲ့နေ့လို့မရှိခဲ့။
"အခန်းလေးဘာလေး သန့်ရှင်းရေးလုပ်အုံး ထတော့သွား မျက်နှာသစ်''
"ဟုတ်"
တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး နွေအောက်ထပ်သို့ဆင်းခဲ့လိုက်သည်။
"မားရေ့ … ဘာစားရမှာလဲ "
"ကော်ဖီနဲ့ပေါင်မုန့်ရှိတယ်"
"အဲ့တာကြီးစားရမှာလား''
"နောက်နေ့ စောစောမထရင်အဲ့တာတောင်မစားရဘူးမှတ်''
"မား သိပ်ရက်စက်"
နွေမျက်နှာလေးရှုံ့မဲ့ကာ စားပွဲပေါ်ကကော်ဖီနဲ့မုန့်ကိုယူစားလိူက်သည်။ ဒီသမီးလေးတစ်ယောက်တည်းရှိတာကို ဆူမယ် ရိုက်မယ်ဆိုတာချည်းပဲ။
"ကျောင်းဆက်တတ်မှာလား"
ဟင်းချင်နေရင်းမားကလှမ်းမေးတော့
"မတတ်တော့ဘူးမား ဒါပေမယ့် Qualify ပါအောင်တော့ဖြေထားတယ်သိလား ဟီး ဟီး''
"မတတ်ပဲနဲ့ ပင်ပန်းခံပြီး ဘာလုပ်မှာအဲ့တာပါတော့''
"ဒီတိုင်းလိုချင်လို့ပေါ့ မားကလဲ"
"အဲ့ဆိုခုဘာလုပ်မယ်စဉ်းစားထားလဲ"
"မားလုပ်ငန်းမှာဝင်လေ့လာမယ်လေ"
STAI LEGGENDO
သူ (He)