အပိုင်း(၃၀)

3.1K 86 1
                                    

(Unicode)

မပြောမဆိုနဲ့ ခရီးထွက်ရအောင် အဝတ်အစားတွေထည့်ဆိုတော့ ဘယ်ကဘယ်လိုစလုပ်ရမှန်းမသိ လူကပြာယာခတ်နေပြီ။

ကိုယ့်အဝတ်အစားကထည့်ချင်ရာကောက်ထည့်လို့ရပေမယ့် သားလေးအတွက်ကျ ပစ္စည်းအစုံအလင်ထည့်ယူနေရတာမလွယ်ကူလှ။

"မိန်းမ‌ရေ"

ဘာကြီးလဲ.....။
ကြက်သီးတောင်ထတယ်။ ခေါ်သံကဘာလို့အဲ့လောက်ထိပျစ်ချွဲနေရတာလဲ.....။

နွေပစ္စည်းတွေထည့်နေတော့ သားကိုထိန်းပေးနေတာ ကလေးကအငြိမ်မနေရဘူး မှောက်လိုက် ပြန်လိုက်နဲ့ ကစားစရာများအောက်မေ့နေလားမသိ.....။

"ခေါ်နေတာမကြားဘူးလား"

"ငါမအားဘူး"

"မအားရင်တောင် ကိုယ့်ယောကျာ်းခေါ်နေတာလေးတော့ထူးပေါ့"

"ဘာတုန်း"

"အန်တီမေကနောက်ကလိုက်လာခဲ့မယ်တဲ့"

"မားကဘာလို့ လိုက်မှာ"

ဘာတွေလုပ်နေမှန်းမသိ .... ။ နားကိုမလည်နိုင်တော့ဘူး......။

"မိသားစုအပန်းဖြေခရီးလေ မိန်းမကလဲ''

"အဲ့ဆိုမေမွှေးကရော"

"ကိုယ်ခေါ်ပြီးပြီ မေမွှေးကဥစ္စာခြောက်နေတာ မလိုက်တော့ဘူးတဲ့"

ဟုတ်သား .... ။အိမ်မှာက သူစိမ်းတွေချည်းဆိုတော့ မိသားစုတစ်ယောက်မဟုတ်တစ်ယောက်ကျန်သင့်တာမလား....။

သူစိမ်းတစ်ယောက်ကတော့ သူ့အသိစိတ်နဲ့သူ အိမ်ကထွက်သွားလို့ ကျေးဇူးတင်ရမလို။

"ဒေါက် .. ဒေါက်"

"ဟင် ဘာကိစ္စ"

ထူးထူးဆန်းဆန်းတံခါးလာခေါက်နေတဲ့ ပန်းဝတ်မှုံကို နွေမျက်မှောင်ကြုတ်ပြီး မေးလိုက်တော့ ခပ်ယဲ့ယဲ့ပြုံးပြီး....

"လာနှုတ်ဆက်တာ"

"ပြန်တော့မလို့လား"

"စစ်ရော"

မေးတာကိုမဖြေပဲ သူ့မိန်းမတစ်ယောက်လုံးသူ့ရှေ့ရပ်နေတာမြင်ရဲ့သားနဲ့ လင်တော်မောင်ကိုမျှော်တွေးနေတော့ စိတ်တိုရသည်။

သူ (He)Where stories live. Discover now