အပိုင်း(၂၂)

2.7K 82 0
                                    

(Unicode)

မြောက်လေအေးများကပြတင်းပေါက်မှတဆင့်အခန်းထဲဝင်လာပြီး ကျီစယ်နေတော့ လူကချမ်းစိမ့်စိမ့်ဖြစ်သွားသည်။

စောင်ကိုဆွဲခြုံတော့မရ။
မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တော့ ကိုယ်မှာစောင်တွေပတ်ပြီး ကွေးကွေးလေးအိပ်နေတဲ့သူမကိုတွေ့ရတော့ အိပ်မှုံစုံဝါးဖြင့် ပြုံးလိုက်မိသည်။

ပိုးတုံးလုံးလေးကျနေတာပဲ။ ချစ်စရာလေးကွာ။

စစ်မင်းစောင်လဲဆွဲမယူ၊ ဆက်လဲအိပ်ချင်စိတ်မရှိတော့တာမို့ ကိုယ့်မျက်စိရှေ့မှာ ကွေးကွေးလေးအိပ်ပျော်နေတဲ့ သူမမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရတာကိုက နွေးထွေးလွန်းနေပါပြီ။

သားလေးကိုမိခင်နို့ပဲတိုက်တာမို့ ညညဆိုသားလေးနို့တောင်းတိုင်း နွေမအိပ်ရတာသူအသိပဲလေ။ သူလဲဘာမှလုပ်မပေးနိုင်တာမို့ နွေ့ကိုအားနာရသည်။ အရင်ကထက်လဲပိုချစ်ရပြန်သည်။

ကြည့်နေရင်းမနေနိုင်တော့လို့ နဖူးပြင်လေးကို ဖွဖွလေးအနမ်းပေးလိုက်တော့ နှုတ်ခမ်းစွန်းလေးကွေးတတ်သွားတာ မြင်လိုက်ရသည်။

နိုးနေပြီဆိုတဲ့သဘောလား။
မျက်တောင်လေးတွေကိုထပ်ပြီးအနမ်းပေးလိုက်သည်။ ပါးလေးနှစ်ဖက်ကိုအနမ်းပေးတော့ ပြုံးနေပြန်သည်။

နှာဖျားလေးကိုသူ့နှာဖျားနဲ့ပွတ်လိုက်တော့ နှုတ်ခေါင်းရှုံသွားသဖြင့် ရယ်ချင်စိတ်ကိုထိန်းထားလိုက်ရသည်။ ဆွဲဆောင်နေပြန်ပါပြီ။

"နိုးပြီလား မိန်းမ"

"နိုးသေးဘူး"

စောင်တွေကြားထဲခေါင်းလေးပုဝင်ကာပြောတော့ အသဲယားမိသည်။

"ထပ်နှိုးပေးရအုံးမှာလား"

"တော်ပြီ ခိုးနမ်းမနေနဲ့"

"ဟာ ... စွပ်စွဲလှချည်လား"

"မဟုတ်လို့လား"

"ဟုတ်ပါတယ် အဲ့ခိုးနမ်းတာကို ကြိတ်ပြီးကျေနပ်နေတာကော ဘယ်သူလဲ''

"ငါအိပ်နေတာပါနော်"

"အော် .... ငါကမမြင်ဘူးဆိုတော့ ၊ စောင်ပေးအုံး ယောကျာ်းအေးနေပြီမိန်းမရဲ့ ၊ မိန်းမကစောင်တွေအားလုံးယူထားတော့ ပြန်ဆွဲမယူရက်လို့ ဒီတိုင်းငြိမ်နေရတာ''

သူ (He)Tahanan ng mga kuwento. Tumuklas ngayon