အပိုင်း (၃၁) ဇာတ်သိမ်းပိုင်း

6.6K 123 3
                                    

(Unicode)

"ထတော့လေ"

"ထချင်သေးဘူး ချမ်းတယ်"

"10:00 ထိုးနေပြီလေ"

"ထိုးထိုးပေါ့ ဘာအလုပ်ရှိလို့"

လူနှိုးနေတာကိုမထီလေးစားနဲ့စောင်ထဲခေါင်းပုဝင်ပြီး ပြန်ကွေးနေသေးတယ်.....ဒီကလေးမ လုပ်လိုက်ရင် နာတော့မယ်။

"မနက်စာဘာစားမှာလဲ"

"ဘာဖြစ်ဖြစ်ရတယ်"

"အဲ့ဆို bread နဲ့ နွားနို့ပဲမှာလိုက်မယ်"

"အာ နွားနို့ကြီးတော့မလုပ်နဲ့လေ"

သားကိုကိုယ်ဝန်ရှိကတည်းကသောက်လာရတာမို့နွားနို့ဆို မြင်တာနဲ့အန်ချင်နေပြီ။

ဒီလောက်နွားနို့တွေနင်းကန်သောက်ထားတာတောင်သားက သူ့အဖေလိုအညိုဘက်သန်းချင်ချင်....။

"အဲ့ဆိုဘာစားမလဲပြော"

"ဒီထိလာပြီး နင်ကငါ့ကိုအဲ့လောက်ပဲစေတနာရှိတာလား"

"အဟား စတာပါကွာ ထတော့ လုပ်စရာတွေရှိသေးတယ်"

ငယ်ငယ်ကအကျင့်အတိုင်းပဲ နွေတို့က ခရီးထွက်ရင် အမြဲတမ်းအိပ်တဲ့အဖွဲ့ကပဲ.....။

အေးတဲ့‌နေရာရောက်ရင်အေးလို့ ပူတဲ့နေရာသွားရင်လဲပူလို့ အကြောင်းအမျိုးမျိုးပြပြီး အိပ်ကျန်ခဲ့တာ ... သူထွက်တဲ့ခရီးက အအိပ်ခရီးသက်သက်......။

"ငါးမိနစ်"

"ဖက်နမ်းမှထမှာလား"

"အင်"

တကယ်ကြီးလာနမ်းတာ ရှောင်ချိန်တောင်မရလိုက်....။
အနမ်းတွေအရှိန်ပြင်းလာတော့မှ နွေ့ပေါ်ကသူကိုယ်လုံးကြီးကိုတွန်းဖယ်ရတော့သည်။

"တော်ပြီ"

"မိနစ်နှစ်ဆယ်လောက်"

"အာ မလိုချင်ဘူး ထပြီ"

အိပ်ယာကကုန်းရုန်းထရာ ရေချိုးခန်းထဲဝင်ပြေးတာကိုကြည့်ပြီး စစ်မင်းတစ်ယောက်အော်ရယ်ရတော့သည်။

"ဂျောက်"

အော်.... လော့ခ်ပါချလိုက်သေး....။
ကြောက်တတ်လိုက်တာ....။ ဒီလိုမှန်းသိရင် အစထဲကဒီနည်းနဲ့နှိုးပါတယ် ..... ။

သူ (He)Donde viven las historias. Descúbrelo ahora