အပိုင်း(၂၀)

3K 84 3
                                    

(Unicode)

"အန်တီမေ ကြည့်ပါအုံး သားလေးကကျွန်တော်နဲ့တူတယ်မလား"

မွေးခန်းထဲကထွက်လာပြီးကတည်းက ကလေးထည့်ထားတဲ့ပုခက်နားကမခွာပဲ တကြည့်ကြည့်နဲ့သူနဲ့တူရဲ့လားလို့‌‌မေးနေတာ အကြိမ်ကြိမ်။ မားကချီပြန်ရင်လဲ သူ့မှာချီချင်လို့ မတတ်နိုင်။ ချီခိုင်းပြန်တော့လဲ ပြုတ်ကျမှာစိုးလို့ မချီရဲချီရဲ မျောက်အုန်းသီးရတဲ့ ပုံစံနဲ့။

မေ့ဆေးရှိန်ကြောင့်ခေါင်းမကြည်ဖြစ်နေပြီး ခွဲထားတဲ့နေရာကလဲတစ်ဆစ်ဆစ်နာနေပေမယ့် သားလေးနဲ့သူ့ကိုမြင်ရတော့လဲ နာကျင်မှုကိုမေ့ပျောက်ပြီးပြုံးနေမိတယ်။ မားကတော့ သူ့အမေးကိုစိတ်မရှည်တော့ပဲ .....

"တူပါတယ်ရှင် တူပါတယ် မေးနေတာ 168 ခါလောက်ရှိနေပြီ အဲ့လောက်တောင်ပျော်သလား"

"အားး ဘယ်လိုပြောလိုက်တာလဲဗျာ ပျော်တာမှပြောမပြတတ်အောင်ပဲ သားလေးကိုမြင်လိုက်ကတည်းက စိတ်ထဲဘယ်လိုဖြစ်‌နေမှန်းမသိဘူး"

"ဒီအခန်းထင်တယ်"

"ဟင်"

အခန်းတံခါးပွင့်လာတာနဲ့အတူ သုံးယောက်သားအခန်းဝဆီသို့ပြိုင်တူကြည့်လိုက်မိသည်။

"ဘုန်းစစ်မင်း"

"ဟာ .... ဒက်ဒီနဲ့မာမီ ဘယ်လိုဖြစ်ပြီး"

"ကဲဟယ် .... ကဲဟယ် ငါတို့ကိုမိဘတွေလို့မသတ်မှတ်ထားလား ဟမ်''

မာမီသူ့ကျောကိုတဖုံးဖုံးထုရိုက်ကာ မျက်ရည်တွေလဲကျလို့။ စစ်မင်းစိတ်ထဲတော်တော်သနားသွားမိသည်။

''မင်းကွာ ... ဒီအခြေနေထိရောက်နေတာတောင် ငါတို့ကိုတစ်ခွန်းမှမပြောဘူး .... မေဦးဖုန်းဆက်ပြောတော့မှ သိသိချင်း flight နဲ့အမြန်လိုက်လာတာ မင်းမာမီက စိတ်မကောင်းဖြစ်တာပေါ့ သူ့ကိုအမေလို့မသတ်မှတ်ဆိုပြီး .....''

"ကျွန်တော်လဲ အဲ့တာမတွေးမိဘူး ဖြစ်သွားတယ် တောင်းပန်ပါတယ် မာမီ"

"ဖယ်စမ်း ငါ့မြေးကိုကြည့်အုံးမယ်"

မာမီကမျက်ရည်သုတ်ပြီးသူ့အားတွန်းဖယ်တော့ ဖယ်ပေးလိုက်ရသည်။ ကလေးကိုကောက်ချီတော့

သူ (He)Wo Geschichten leben. Entdecke jetzt