(Unicode)
"ဂျောက်"
"ဟင်"
လော့ခ်ချထားတဲ့ ရေချိုးခန်းတံခါးကပွင့်လာတော့ ရေချိုးဖို့ပြင်နေရင်း တံခါးကိုလှမ်းကြည့်နေမိ၏။
"ဟောတော့"
အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းထဲဝင်လာပြီး မပြောမဆိုနဲ့ ရေပန်းအောက်ဝင်ရပ်နေတော့နွေ့မှာအံ့ဩနေရသည်။
ကိုယ့်ကိုယ်မလုံမလဲဖြစ်ပြီး ပြန်ကြည့်မိတော့.... တော်သေးသည် towel ပတ်ထားသေးတာမို့......။
ရေချိုးအုံးမယ် ကလေးကြည့်ထားဆိုတော့ အင်း လို့ပြောပြီး ခုကဘာလာလုပ်တာ။
လော့ခ်ချထားတာတောင်မရမကဖွင့်ဝင်လာသေးတယ်။
"ဘာလာလုပ်တာလဲ ကလေးကြည့်နေပါဆို"
"ရေချိုးမလို့လေ သားလေးကိုမေမွှေးနဲ့ထားခဲ့တယ် စိတ်ချ"
"ငါချိုးနေတယ်လေ"
"မြင်တယ်လေ"
ကြည့် ... ဘယ်လောက်စိတ်တိုဖို့ကောင်းလဲဆိုတာ။ မချိုမချဉ်ရုပ်နဲ့ .......
"ငါအရင်ချိုးမှာလေ"
"အတူချိုးမယ်လေ တစ်ခါမှအတူမချိုးဖူးသေးဘူးမလား"
''ဟင်"
"လာပါ မိန်းမရာ ဘာမှမလုပ်ပါဘူး ဘာတွေမျှော်လင့်နေတာ"
"ဘာမျှော်လင့်ရမှာလဲ အတူမချိုးတတ်ဘူး ..... သွား ..... ကြားလားပြောနေတာ ....ဟဲ့ .... ထွက်စမ်းပါဟယ်"
အတင်းတွန်းလွှတ်နေတာကိုပေတေတေလုပ်ကာလုပ်နေပြီး ........
"ဘယ်လောက်မှမခက်ဘူး လာကိုသင်ပေးမယ် အတူချိုးတတ်အောင်"
အတူချိုးတတ်အောင်သင်ပေးအုံးမှာ .... စိတ်တွေလဲညစ်ပါတယ်ဘုန်းစစ်မင်းရယ် ၊ ဘာတွေအရူးထပြန်တာတုန်း တကယ်ပါပဲ......။
"ဟဲ့ .... အော် ..."
လက်ကိုဆောင့်ဆွဲလိုက်တော့ သူ့ရင်ခွင်ထဲကိုရောက်ပြီးသွား ရုတ်တရက်ရေပါဖွင့်ချလိုက်တော့ ဆံပင်တွေကရေအားနဲ့ ပြိုဆင်းလာတော့သည်။
မျက်နှာပေါ်ကျလာတဲ့ ရေနဲ့ဆံပင်တွေကိုသိမ်းပြီး သူ့လက်မောင်းကိုတဖျက်ဖျက်ရိုက်ကာ
![](https://img.wattpad.com/cover/284875956-288-k402542.jpg)
YOU ARE READING
သူ (He)