အပိုင်း (၂၇)

2.7K 78 0
                                    

(Unicode)

"အိုး ဒါကြီးကအဆင်ပြေပါ့မလား"

ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်ရင်း စိတ်တိုင်းမကျ။

ဆံပင်နဲ့မိတ်ကပ်ပြင်ပေးတဲ့ကောင်မလေးတွေပြန်သွားတော့ နွေအင်္ကျီဝတ်ကြည့်နေတာ တစ်ခုမှအဆင်မပြေ။

ဝတ်လိုက်ချွတ်လိုက်ဖြင့်ပုံထားတာတွေလဲမနည်းတော့ပါ။

ပွဲတတ်တွေမသွားတာကြာပြီမို့ ဘာဝတ်ရမှန်းမသိ။

အဲ့ ဘုန်းစစ်မင်းတစ်ယောက်ဟာလေ လူကိုအတော်ဒုက္ခပေးတာပဲ။

ကိုယ့်ဟာကို အိမ်မှာကလေးထိန်းနေတာ ဘာဝတ်ဝတ် စိတ်တိုင်းမကျဆိုတာမျိုးလဲမရှိ။

အရင်က ပွဲတတ်ရှိရင်တစ်ယောက်တည်းသွားနေကြကို ခုမှဘာတွေလာပြီးအရူးထပြန်ပြီမသိ။

နွေတစ်ယောက်စိတ်ထဲမကျေမချမ်းနိုင်ဖြစ်ပြီး နောက်ဆုံးတော့ အသားရောင်ဇာဂါဝန်ရှည်လေးကိုသာရွေးချယ်လိုက်တော့သည်။

အရင်ကမားနဲ့အတူပွဲတတ်တွေလိုက်ရင်ကလေးယောင်ယောင်ဘာယောင်‌ယောင်နဲ့ ဝတ်ချင်သလိုဝတ်သွားတတ်သည်။

ခုဟာက ဘုန်းစစ်မင်းကိုယ်တိုင်က ဝတ်စုံပြည့်ဝတ်မယ်ဆိုတော့ နွေလဲသူနဲ့လိုက်ဖက်အောင်ပြင်ရပြီလေ။

ဘာကြောင့်မှန်းမသိဒီပွဲကိုအတင်းခေါ်နေတော့ နွေ့မှာမငြင်းနိုင်တော့ပါ။

"နွေ မပြီးသေးဘူးလား"

သားကိုသူ့မေမွှေးဆီသွားပေးပြီး အခန်းထဲပြန်ဝင်လာပြီး မေးလိုက်တော့ နွေ့မှာဘာဖြေရမှန်းမသိ။

ဒီဇစ်ကိုဆွဲလိုက်ရင်ပြီးပြီလို့ပြောလို့ရပေမယ့် ခုဟာကဆွဲမရတော့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ ဇစ်ကိုသာမရမရဆွဲနေရသည်။

"ဟောဗျာ ဘယ်လိုဖြစ်နေတာလဲ"

အနားကိုရောက်လာတော့ ရှက်လို့သူ့ကိုကျောခိုင်းနေရာမှ မျက်နှာချင်းဆိုင်လိုက်ရသည်။

"အဟွန်း''

သူလဲအနားရောက်သွားတော့ ဖျက်ခနဲ့သူ့ဘက်လှည့်လာတဲ့သူမကို တစ်ချက်ငေးစိုက်ကြည့်နေမိသည်။

သူ (He)Where stories live. Discover now