(Unicode)
"မသွားပါနဲ့ … နွေ … နွေရေ … ငါတောင်းပန်ပါတယ် … ငါ့ကိုထားမသွားနဲ့ … နွေ………"
ရင်တွေတစ်ဒိန်းဒိန်းခုန်ပြီးပြီးအော်သံကြောင့်ရုတ်တရက်လန့်နိုးသွားသည်။
"ဘာလဲဟ … အိပ်မက်လား"
ရင်ထဲမှာလဲတစ်ဆစ်ဆစ်နာလို့။စစ်မင်းမျက်နှာကိုစမ်းမိတော့မျက်ရည်တွေ။
"ငါငိုနေတာလား''
တစ်ယောက်ထဲရေရွတ်နေမိ၏၊ နာရီကြည့်တော့ မနက်သုံးနာရီ။
"ငါဘာလို့ရင်တွေနာနေရတာလဲ''
စစ်မင်းရင်ဘက်ကိုလက်နှင့်ဖိကာအိပ်ယာထဲပြန်လှဲချလိုက်တော့သည်။
"မမွှေးရေ ကြည့်တို့အခန်းကိုသန့်ရှင်းရေးလုပ်ဖို့ ကလေးမလေးတွေလွှတ်ပေးပါအုံး"
"အင်းပါ မမွှေးလွှတ်လိုက်မယ်နော်"
"ဒီနေ့ breakfast ကဘာလဲဟင်"
"အုန်းနို့ခေါက်ဆွဲပါ"
"ဘုရားပန်းဝယ်ခဲ့လား မမွှေး"
"ဝယ်ခဲ့တယ်ကြည် လဲတော့မလား''
အခန်းအပြင်ကဆူညံသံတွေနားထဲအတိုင်းသားကြားနေရသည်။ မာမီတို့ရောက်ကတည်းကအိမ်ကအမြဲဆူညံနေ၏၊ မေမွှေးလဲတစ်ခါမှအငြိမ်မနေရ။ သူလဲအိပ်ကောင်းခြင်းမအိပ်ရပေ။
အရင်ကဆိုသူအိပ်နေရင်အပေါ်ထပ်လာပြီးဘာဆူညံသံမှမလုပ်ရဲကြ။သူနိုးမှသာလုပ်စရာရှိတာလုပ်ကြရသည်။
ဆက်အိပ်မရတော့လို့အိပ်ယာကထလာခဲ့ပေမယ့်စိတ်ကမကြည်တော့။ညကအိပ်မက်ကြောင့်လဲ စိတ်ထဲထင့်နေသည်။
သူနွေနဲ့မတွေ့ဖြစ်တာကြာနေပြီ။ ထိုခွေးပေါက်ကလဲသူ့ကိုရှိတယ်လို့တောင်မထင်လားမသိ။စာမေးပွဲဖြေနိုင်လားတောင်မေးဖော်မရ။ ဒီနေ့တော့တွေ့ကြသေးတာပေါ့။
▫️▪️▫️▪️▫️▪️▫️▪️▫️▪️
"အိမ်ရှင်တို့ … အိမ်ရှင်တို့"
"လာပြီ ဘယ်သူလဲမသိ''
အိမ်ထဲမှအပြေးတပိုင်းထွက်လာသောနွေ့အားကြည့်ပြီးသူရယ်ချင်သွားသည်။
ESTÁS LEYENDO
သူ (He)