(Unicode)
"ဟိတ်ကောင် စစ်မင်း မင်း company လဲမလာဘူးဆို မင်းဘယ်တွေသွားပြီးဘာတွေလျှောက်လုပ်နေတာလဲ"
"ပန်းကိုပြောထားပြီးသားပဲ ခုလောလောဆယ်မလာနိုင်သေးဘူးလို့"
ဧည့်ခန်းထဲမှာပန်းလဲရှိနေသည်မို့ပန်းဘက်ကိုမေးဆတ်ပြကာ ဖြေရှင်းချက်ပေးလိုက်ရ၏၊
"မင်းကအလုပ်ထက်အရေးကြီးတာ ဘာတွေလုပ်နေရလို့လဲ"
"ဘာဖြစ်ဖြစ်ပေါ့ဗျာ ၊ ခုမှဘာတွေလာစိတ်ဝင်စားနေတာလဲ "
စစ်မင်းစိတ်မရှည်သောလေသံဖြင့်ပြောကာ ထွက်လာခဲ့၏၊ နောက်မှအော်ဟစ်ပြောဆိုသံတွေကိုလျစ်လျူရှုလျက်။
"စစ် ... စစ် ဘယ်သွားမလို့လဲ"
''ဘာလုပ်မလို့လဲ''
စိတ်မရှည်တာကြောင့် နောက်မှလိုက်လာပြီးမေးသောပန်းအား ခပ်ပြတ်ပြတ်ပြန်မေးလိုက်တော့...
"ဘယ်သွားမှာလဲ သိချင်လို့"
"နွေ့ဆီ"
"ပန်းလဲလိုက်မယ်လေ"
"အလုပ်မသွားဘူးလား"
"Sunday လေ စစ်ကလဲ"
သူ့မှာလဲနေ့တွေရက်တွေတောင်မေ့လျော့နေပြီ။ မစဉ်းစားချင်တာလဲပါသည်မို့။ နွေသွားမည့်ရက်နီးလာတာကို သူမခံစားနိုင်။
"လိုက်ချင်လိုက်ခဲ့လေ"
ကားသံကြားတော့စစ်လာပြီဆိုတာနွေသိလိုက်ပြီ။ အိမ်ချင်းကပ်လျက်တောင်ကားနဲ့လာတာပဲကြည့်။ လမ်းတစ်စက်မှမလျောက်ချင်တဲ့သူပါပဲ။
"ကို လာပြီလား"
နွေကားဆီပြေးသွားတော့ ကားပေါ်မှပန်းဆင်းလာသည်ကိုတွေ့လိုက်ရသဖြင့် စိတ်ထဲအလိုမကျဖြစ်သွားရသည်။
"နှစ်သစ်ကိုတွေ့ချင်လို့ စစ်နဲ့လိုက်ခဲ့တာ''
"အိမ်ထဲဝင်လေ"
နွေ ပန်းကိုပြုံးပြပြီး စစ်မင်းအားမျက်စောင်းတစ်ချက်ထိုးကာ အိမ်ထဲဝင်ခဲ့တော့သည်။
"နှစ်သစ် မေမေရော မတွေ့ပါလား"
"မားကခုတလောအလုပ်တွေများနေတာ အိမ်မှာတော်တော်နဲ့မရှိဘူး"
YOU ARE READING
သူ (He)