(Unicode)
''ဘုန်းစစ်မင်း''
ထမင်းစားခန်းထဲမှ ဒယ်ဒီ့ခေါ်သံကြောင့် ကျောင်းသွားရန်ဆင်းလာသောသူ ဒယ်ဒီ့အားတစ်ချက်လှည့်ကြည့်လိုက်တော့မနက်စာဝိုင်းတွင်လူစုံနေပြီ၊ သူမသိသောတစ်စုံတစ်ယောက်ကလဲ သူ့အား ပြုံးပြလျက်……
''မိဘတွေရောက်နေတာတောင် တစ်ချက်မှလာမတွေ့ဘူး မင်းအဲ့တာဘာအချိုးချိုးတာလဲ''
"မိဘဆိုပြီး ဘာတွေများထူးခြားနေလို့ ကျွန်တော်ကလာတွေ့ရမှာလဲ၊ ပြောစရာရှိနောက်မှပြော ကျောင်းသွားရအုံးမယ်''
''ဟိတ်ကောင် ... ဘုန်းစစ်မင်း … မင်းရိုင်းလှချည်လား ''
"ဟုတ်တယ် ... ကျွန်တော်ကရိုင်းတယ် ဒယ်ဒီ သူများတွေလိုဆုံးမပေးမယ့် မိဘမရှိခဲ့လို့''
"တော်ပါတော့ … မနက်စောစောစီးစီး သူစိမ်းတွေလဲမဟုတ်ဘူး ရန်ဖြစ်မနေကြနဲ့တော့ ... သမီးပန်းကိုအားနာပါအုံး အကိုကလဲ''
သားအဖနှစ်ယောက်ရဲ့တင်းမာမှုကို ဒီတိုင်းထားရင် ထသတ်ကြတော့မည်ကိုသိ၍ ဒေါ်ကြည်ပြာတစ်ယောက်ဝင်ထိန်းလိုက်မှငြိမ်ကျသွားတော့သည်။
''ပန်းကသူစိမ်းမှမဟုတ်တာ ရပါတယ် အန်တီကြည်''
''သား မနက်စာစားသွားလေ သားကြိုက်တဲ့ ရှမ်းခေါက်ဆွဲ မာမီလုပ်ပေးထားတာ''
"ကျွန်တော် ရှမ်းခေါက်ဆွဲမစားတာ ဆယ်နှစ်ကျော်ပြီ မာမီ ကျွန်တော်သွားတော့မယ်"
သားအပြောကြောင့် ဒေါ်ကြည်ပြာမျက်နှာပျက်သွားကာ
''သားကတစ်ကယ်ပဲ ရှမ်းခေါက်ဆွဲ မစားတော့တာလား မမွှေး''
အနားမှာရှိတဲ့ ဒေါ်မွှေးကြူကိုအားကိုတကြီးမေးတော့မှ
''ဟုတ်တယ် ကြည် … ကြည်သူ့ကိုနောက်ဆုံးရှမ်းခေါက်ဆွဲလုပ်ကျွေးပြီးတဲ့နေ့ကစလို့ သား စစ်မင်းကမစားတော့တာ''
ဘုရား … ဘုရား ။ သားကသူပြောခဲ့တဲ့စကားကိုယခုထိမမေ့သေးတာတော့ မဟုတ်လောက်ပါဘူးနော် ... ဒေါကြည်ပြာ အတွေးတွေလွန်ခဲ့သောဆယ်နှစ်ခန့်ကိုပြန်ရောက်သွားကာ………
KAMU SEDANG MEMBACA
သူ (He)