(Unicode)
ဒီနေ့စာမေးပွဲစဖြေရမည့်နေ့။ စာမေးပွဲတပြီးစစ်မင်းကသူလိုက်ပို့မည်ဟုဆို နွေခွင့်ပြုခဲ့သည်လေ။ အရင်ကနွေစာမေးပွဲဖြေတိုင်းလဲ သူပဲလိုက်ပို့နေကျပါ။ သူ့ကျောင်းနဲ့ နွေ့ကျောင်းကစာမေးပွဲစစ်တဲ့ရက်ချင်းမတူတော့ အဆင်ပြေတာမို့။
ခြံရှေ့ကားသံကြားတော့ စစ်မင်း လာပြီထင်တယ်။ နွေလိုအပ်သည်များကိုထည့်ကာ အောက်ထပ်သို့ဆင်းခဲ့၏။
"သမီး ဘုရားရှိခိုးခဲ့ရဲ့လား"
"မေ့သွားတယ် မား ၊ စိတ်ထဲကရှိခိုးလိုက်မယ် ဟီးး"
"ဒီကလေးမကတော့လေ … ဂရုစိုက်သွား သားစစ်မင်းကိုလဲကားဖြည်းဖြည်းမောင်းခိုင်းအုံး''
"Yes! မား"
နွေ မား၏မှာတမ်းများကိုနားဆင်ပြီးကားဆီသို့ပြေးလာခဲ့၏၊
''ခလုတ်တိုက်မယ် ဘာလို့ပြေးလာတာတုန်း''
"နင်စောင့်နေရမှာ အားနာလို့'' ဟုတံခါးဖွင့်ကာထိုင်ခုံမှာဝင်ထိုင်ရင်းပြောလိုက်သည်။
"ထူးထူးဆန်းဆန်း အားနာတယ်လား"
"အင်း ကျေးဇူးလဲတင်တာ ကျောင်းလိုက်ပို့လို့"
"တော်..တော်.. ထပ်ပြီးငါ့ကိုရွဲ့မနေနဲ့တော့ ကျောင်းသားကဒ်ပါပြီလား"
"ပါပြီ"
"ဘောပင်တွေခဲတံတွေရော အစုံပါလား ဟိုရောက်မှသူများဆီကငှားနေရမယ်"
"ပါ,ပါတယ်ဟ ၊ အဲ့လောက်ထိပြောနေစရာလိုလို့လား ငါကလေးလဲမဟုတ်ဘူး"ဟုနွေနှုတ်ခမ်းဆူကာပြောတော့
"အေးပါ အေးပါ မမေးတော့ဘူး ကြောက်ရတယ် တကယ်ပဲ''
"ညနေရော လာခေါ်မှာလား နင်မအားရင်မလာနဲ့နော် အိမ်ကိုလာခေါ်ခိုင်းလို့ရတယ်"
"ရတယ် လာခေါ်မှာ ၊ နေစမ်းပါအုံး နင်ကဘာလို့ငါ့ကိုခုတလောသူစိမ်းလိုဆက်ဆံနေတာလဲ''
"ဟဲ့ … နင်နဲ့ငါကသူစိမ်းပဲဟာ"
"အေးပါဟာ သူစိမ်းဆိုလဲသူစိမ်းပေါ့"
နှစ်နှစ်ဆယ်လုံးလုံးသူ့အနားမှာအမြဲတမ်းရှိနေခဲ့တဲ့သူမကသူ့ကိုသူစိမ်းတဲ့ … ပြောရက်လိုက်တာနွေရာ …
YOU ARE READING
သူ (He)