(Unicode)
"တောက်! ... မင်းတို့ကောင်တွေအလုပ်သေချာမလုပ်ကြဘူးလားကွာ ဒီ project ငါ့အတွက်ဘယ်လောက်အရေးကြီးလဲ မင်းတို့သိလား တစ်ယောက်မှ $သုံးမကျဘူး သွားကြတော့ ငါ့ရှေ့က အားလုံးထွက်သွားကြ"
စီးပွားရေးလောကမှာအတွေ့ကြုံမရှိသေးတဲ့သူ့အဖို့ဝါရင့်လုပ်ငန်းရှင်ကြီးများ၏ ကွက်ကျော်ရိုက်ချက်များကိုသူအကြိမ်ကြိမ်ခံနေ၏၊
"စည်သူ ဒီ project ကရော ခုဘယ်သူရသွားတာလဲ"
"ဦးဟိန်းမင်းပါ၊ HM company က"
"ဟ ထပ်ပြီးသူပဲလား ၊ ဒီဘဲကြီးတော်တော်များနေပြီ ငါ့တင်ထားတဲ့ project တိုင်းဝင်ဝင်လုနေတာ သူကဘာဖြစ်နေတာလဲ"
ဒီတစ်ခါနဲ့ဆိုဦးဟိန်းမင်းသူ့ဆီကဖြတ်လုနေတာ သုံးခါရှိပြီ။ စစ်မင်းဒီ project ရဖို့ အားလုံးကိုပေးကမ်းထားပြီး အကုန်လုံးအဆင်ပြေနေပြီးမှ ကြားမှဖြတ်လုတာခံလိုက်ရခြင်းဖြစ်သည်။
"ငါ အဲ့ဘဲကြီးအကြောင်းသိချင်တယ်ကွာ စုံစမ်းပေးစမ်းပါ"
"ဟုတ်ကဲ့ ကျွန်တော်အမြန်ဆုံးစုံစမ်းပေးပါ့မယ်"
သူအလုပ်စဝင်ဝင်ခြင်းခြောက်လအတွင်းမှာ ပြဿနာအမျိုးမျိုးမရိုးရအောင်ကြုံခဲ့ရသည်။ ဒက်ဒီ့ကိုမခံချင်စိတ်နဲ့သုံးနှစ်အတွင်းအောင်မြင်လာအောင်လုပ်မည်ဟု ကြွေးကြော်ထားသော်လည်း ကိုယ့်ကိုယ်ပင်ယုံကြည်ချက်မဲ့ချင်လာတော့သည်။
ဒက်ဒီတို့ကတော့စိတ်ချလက်ချနှင့် company ကိုသူနှင့်ပန်းတို့ထံအပ်နှံထားခဲ့ပြီး US ကိုပြန်သွားကြလေပြီ။
''စစ် ဘာဖြစ်တာလဲ"
"ဘာဖြစ်ရမှာ လုခံရပြန်ပြီ"
"ဟင် ထပ်ပြီးတော့လား ပန်းတို့အားလုံးစီစဉ်ထားပြီးသားလေ"
"ဘယ်တတ်နိုင်မလဲကွာ ၊ပါသွားတဲ့နောက်တော့"
"ဘယ်သူယူသွားပြန်တာလဲ"
"အရင်ကတစ်ယောက်ပဲ HM companyက ၊ ဒီလောက်အပြင်ကိုမပေါက်ကြားအောင်လုပ်ထားတဲ့ကိစ္စကို ဘယ်ကဘယ်လိုသတင်းရပြီး ဝင်လုသွားရတာလဲမသိဘူးကွာ"
![](https://img.wattpad.com/cover/284875956-288-k402542.jpg)
ESTÁS LEYENDO
သူ (He)