အပိုင်း _၁

1.1K 42 0
                                    

unicode

မေမင်း...။

"ကိုယ် မင်းနဲ့သက်ဆိုင်ချင်တယ်...
ကိုယ်ကမင်းအပိုင်ပါ အချစ်ရယ်
ကောင်းကင်က ကြယ်တွေ လတွေ မလိုချင်ပါဘူး
မင်းနှလုံးသားက အချစ်ပဲ တောင်းဆိုချင်တယ်...

ကောင်းကင်က ကြယ်တွေ
လတွေ ကိုမလိုချင်ပါဘူး...အချစ်ရယ်.."

ကောင်းကင်ကမှိတ်တုပ်မှိတ်တုပ်ကြယ်သေးသေးတွေနဲ့လွင့်မျော်နေတဲ့မိုးသားတွေငေးကြည့်ရင်း..မေမင်း..ဖွဖွလေးရေရွတ်မိသည်။
LDRS အချစ်ရေးမို့ ချစ်ရသူကိုအဝေးက လွမ်းဆွတ်ခွင့်သာရှိသည်လေ။

တစ်ခါကတော့ ရန်ကုန်မှာဆုံဖို့ တိုင်ပင်ဖူးပေမယ့် လမ်းခရီးဆက်သွယ်ရေးအဆင်မပြေလို့ မတွေ့ဖြစ်ကြသေး။
အင်း...ဒီအချိန်ဆို ငုဝါ ကတော့ အိပ်ပျော်နေပြီပေါ့။သူလဲအလုပ်က ၉ နာရီမှဆင်းသည်မို့ ကိုနဲ့ဖုန်းကြာကြာမပြောနိုင်။တခါတလေ ဖုန်းပြောနေရင်းအိပ်ပျော်သွားတတ်မြဲ။

သူလဲပင်ပန်းတာကိုး...။ကိုယ့်ကလေးလေးအိပ်ပါစေ...။ကိုကတော့ သူ့ကိုလွမ်းစိတ်နဲ့အိပ်မပျော်နိုင်တာ။သူ့ကိုပြောချင်တဲ့ ချစ်စကားတွေသာ ကောင်းကင်ဆီ တိုင်တည်ပြောနေတာ အကျင့်တစ်ခုလိုဖြစ်လာခဲ့ပြီ။
သူ့နားရက်မှစကားတွေ တစ်ဝကြီးပြောပစ်မယ်။

"ချစ်တယ်ကလေးလေးရေ...အိပ်မက်ကလေးလှပါစေ..."....

ကိုပို့တဲ့ချစ်ခြင်းသံစဉ်လေးတွေ သူမအိမ်မက်ထိရောက်ပါစေ........

🕊️ 🕊️ 🕊️

"မော်နင်း..ကလေးလေးရေ..."မနက်စောစောကားထစီးရသည်မို့ YBS ပေါ်ရောက်မှ ငုဝါဆီစာပို့ဖြစ်သည်။
"မော်နင်း..ကို..အလုပ်ရောက်ပြီလား..."
seen ပြပြီးစာချက်ချင်းဝင်လာသည်။ မေမင်းကျေနပ်စွာပြုံးမိ၏။

"ကို..ကားစီးတုန်း..ကလေးဘာစားပြီးပြီးလဲ.."
"မုန့်ဟင်းခါးစားနေတယ်..ကိုရောဘာစားထားလဲ..."

"ကော်ဖီတစ်ခွက်သောက်ထားတယ်..."

"ကို..အစားကိုအချိန်မှန်စားနော်..."

"အင်းပါ..."

"အချိန်ရရင် ငုဝါကိုလဲ လွမ်းနေပေးနော်.."

Thank You [ Uni 🔛 Zaw ]Where stories live. Discover now