unicode
ငုဝါ...။
အမှောင်ယံတို့ တစ်စစကြီးစိုးလာလေ ရင်ခုန်သံတွေ ပိုကျယ်ကာ လျင်မြန်လာလေ။
ငုဝါ မျက်လုံး အတင်းစုံမှိတ်ထားသော်လည်းအိပ်လို့မပျော်။
မကြာပါ...။
ငုဝါ နဖူးကို ဖွဖွလေးနမ်းလိုက်တဲ့ကို..။နောက်တစ်ချက် ထပ်နမ်းတယ်။
ပြီးတော့..ငုဝါ မျက်ဝန်းဆီ အနမ်းတစ်ပွင့်။ပြီးတော့..နှာတံ..ပါးနှစ်ဖက်ကို တစ်ချက်ဆီနမ်းတယ်..
ကို့အနမ်းတွေက တကယ်ကိုဖွဖွလေးနဲ့ အသဲယားချင်စရာ။မနမ်းရက် မချွေရက်တာလား..တန်ဖိုးထား..မြတ်နိုးလွန်းတာလား...မသိ။
ကို့နှုတ်ခမ်းသား နွေးနွေးလေး က ငုဝါနှုတ်ခမ်းဆီ တိုးကပ်လာပြန်သည်။
နောက်တစ်ကြိမ်...
နောက်တစ်ကြိမ်...
အထိအတွေ့က ညင်ညင်သာသာ ဖွဖွလေးပင်။ကို့ အနမ်းတွေက အဆက်မပြတ် တဖြည်းဖြည်း ပြင်းရှလာတော့ ငုဝါထိန်းချုပ်နိုင်စွမ်းတို့ ကုန်ဆုံးသွားသည်။
ကို့ နှုတ်ခမ်းသားလေး ဖွဖွလေးကိုက်လိုက်ပြီး အနမ်းတွေ ပြန်တုန့်ပြန်ပေးတော့ ကိုပိုဆိုးလာသည်။နှစ်ယောက်သားအပေးအယူမျှကာ အနမ်းတွေ အတော်ကြာဖလှယ်ဖြစ်ကြတယ်။
အချစ်ဆိပ်တို့ တစ်ရိပ်ရိပ်တက်လာကြပြီမို့..နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် ပိုနားလည်လာကြပြီ။
ငုဝါ ကိုယ်လုံးလေးပေါ် ကို့လက်တို့ လှုပ်ရှားစပြုလာတယ်။ကျောပြင်ကို စမ်းမိပြီး ကိုစကားဆိုလာတယ်။
"ညဘက်ဘောလီ..ဘာလို့ဝတ်ထားတာလဲတဲ့..."ငုဝါပြုံးမိသည်။
"ခဏ..ကို..."ငုဝါ ဆိုရင်း ကျောကချိတ် ဖြုတ်ပေးလိုက်တယ်။ကိုဆွဲချွတ်လိုက်ပြီး ငုဝါကိုယ်လုံးလေးကို လှဲချလိုက်တယ်။
ကို့အနမ်းတွေက ငုဝါ လည်တိုင်ဆီမှာမို့ ငုဝါခေါင်းကို အနည်းငယ်မော့ထားပေးသည်။နေရာလွတ်မချန် ကို့အနမ်းတို့ အနည်းငယ်ကြမ်းတမ်းပေမယ့် ငုဝါ လက်ခံနိုင်သည်။
YOU ARE READING
Thank You [ Uni 🔛 Zaw ]