အပိုင်း_၁၇

222 17 0
                                    

unicode

ငုဝါ...။

ကိုက ခရီးပျော်တစ်ယောက်မို့လားမသိ။ငုဝါ ရန်ကုန်ရောက်တည်းက အပြင်မှာ အချိန်ကုန်တာများသည်။အချိန်နဲနဲ ရတာနဲ့ ဟိုသွားမယ် ဒီသွားမယ်ချည်း။၁ နာရီလောက်ပဲ အချိန်အားရင် အဲ့ ၁ နာရီကို ရပ်ကွက်စျေးတန်း သွားပြီး မုန့်စားကြတာ။ည အိပ်ချိန်သာ အဆောင်ကပ်ကြသည်။

သင်္ကြန်လွန်ပြီမို့ အလုပ်က တစ်ဂွမ်ဂွမ် ဖုန်းဆက်ခေါ်နေပြီ။အိမ်က လဲ ပြန်လာတော့တဲ့။ကို့ကို ပြောပြတော့ ကိုမျက်နှာလေးညိုးကျသွားပြီး...

"အချိန်နဲနဲလောက် ထပ်နေပါဦးတဲ့..."

ငုဝါ ကိုယ်တိုင်လဲ ကိုယ့်ကိုမခွဲချင်းသေးတာမို့ ဆက်နေဖြစ်သည်။တစ်ယောက်တည်းနေတတ်ပြီး ငုဝါနဲ့မှ ပြုံးပြတတ်တဲ့ ကို့အပြုံးချိုချိုလေးကို မညိုးနွမ်းစေချင်ပါ။နောင်တစ်ကြိမ် ဘယ်တော့များမှ ထပ်ဆုံနိုင်မလဲ မသိနိုင်ကြလို့ ကိုနဲ့တွေ့ခွင့်ရတုန်း ကို့အနားမှာ အချိန်ကြာကြာရှိချင်သေးသည်။

ငုဝါ အလှပြင်ပြီး အောက်ဆင်းလာခဲ့သည်။ကို့ရေဗူးယူပြီး ရေဖြည့်နေလိုက်သည်။ကိုက အပြင်သွားတိုင်း ရေဗူးသယ်လေ့ရှိတာ။ကိုကတော့ မီးဖိုးခန်းထဲမှာ ဘာလုပ်နေသည်မသိ။

"ကို့..ငုဝါပြီးပြီ..."

"အင်း...ခဏလေးစောင့်ကလေး..."

ကိုဘာလုပ်နေတာလဲ သိချင်၍ မီးဖိုးခန်းထဲလျှောက်လာလိုက်တယ်။

ကိုက ထမင်းတွေ ဗူးထဲထည့်နေတာ။ဘာ​​ချက်မယ်မသိ ဒယ်နီအိုးထဲ မှာဆီတွေထည့်ထားသည်။

"ကိုထမင်ဗူး ယူသွားမို့လား..."ငုဝါ မေးတော့..

"အင်း..ဟိုမှာရိုးရာအိမ်တွေလိုက်ကြည့်ရင်ကြာတတ်တယ်..အပြင်ပြန်မထွက်ချင်တော့ဘူး...တစ်အိမ်နဲ့တစ်အိမ်ကလဲလှမ်းတယ်...ထမင်းဗူးယူသွားတော့ ဆာတဲ့ချိန်ဖွင့်စားယုံပဲလေ..."တဲ့..ငုဝါကို လှည့်မကြည့်ပဲဖြေနေတာ။

"​..ကိုဘာချက်မို့လဲ..."

"ကြက်ဥကြော်မလို့..."

"ကိုကြော်တတ်တယ်ပေါ့..."

"ဟင့်အင်း..ပထမဆုံးကြော်မှာ..."တဲ့။ရယ်ရင်းယုံကြည်မှု ရှိရှိဖြေလာသည်။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now