အပိုင်း_၁၄

247 20 0
                                    

unicode

မေမင်း...။

သင်္ကြန်အတက်နေ့။
အိမ်ရှေ့ကလေးတွေ ရေကစားနေကြသံ၊ Box ထုပြီးကခုန်ကြသံတွေ သင်္ကြန်သီးချင်းသံတွေကြောင့် ကိုယ်လန့်နိုးလာသည်။နာရီကြည့်မိတော့  ၉ နာရီတိတိ။

ညက ခရီးပန်းထားကြသည်ဆိုတော့ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို အိပ်ယာကမထချင်။အပြင်မှာ ပျော်ကြ ကကြ ဆူညံနေကြတော့ ဆက်အိပ်လို့လဲမရ။

ကိုယ့်ဘေးကိုမျက်နှာစောင်းငဲ့ကြည့်တော့ ကလေးမရှိ။ဘယ်ချိန်တည်းက နိုးပြီထသွားသည်မသိ။လူကနှုံးချိနေတာမို့ မထချင်ပဲ မှိန်းနေလေသည်။

ခြေင်းရင်းဘက်က ခြင်ထောင်လှုပ်သွားသည်မို့ ကိုယ်မျက်လုံးဖွင့် ငုံ့ကြည့်လိုက်တော့ ကလေးခြင်ထောင်ထဲဝင်လာတာ။

သနပ်ခါး မျက်နှာအပြည့်လိမ်းထားတာဖွေးလို့။ခြင်ထောင်တစ်ခုလုံးမွှေးနေတာပဲ။ဘယ်တုန်းက နိုးသည်မသိ သူတောင်ရေချိုးပြီးသွားပြီ။

"ကို့..."တဲ့..

သူခေါ်ရင်း ကိုယ့်ရင်ဘတ်ပေါ် ခေါင်းမှီလာတာ။

"အင့်..."

နင့်ခနဲ့ နေသွားသည်မို့ ကိုယ့်အသံထွက်သွားသည်။ကိုယ့်အသားတွေ နာကျင်နေတာကြောင့်လဲဖြစ်မှာ။

"ခေါင်းတစ်ခုပဲတင်သေးလို့..တစ်ကိုယ်လုံးလာတက်ရင်..အသက်ပါထွက်သွားမလားမသိဘူး..."လို့

ကိုစနောက်ပြောလိုက်တော့ ကလေးစိတ်ဆိုးသွားသည်။ချက်ချင်း မျက်နှာစူပုတ်လာပြီး ကိုယ့်အပေါ်က ခွါလိုက်တာ ကိုယ်အတင်းပြန်လိုက်ဆွဲထားရတယ်။

"ကိုယ်စတာ..."ဟု

ချော့မော့ပြီး ရင်ခွင်ထဲ ဆွဲသွင်းရသည်။အဲ့တော့မှ မျက်နှာကြည်သွားပြီး စကားပြောလာသည်။

"ကိုမထသေးဘူးလား..ငုဝါတောင်ရေချိုးပြီးပြီ..."

"မနက်စာရော စားပြီးပြီးလား..."ကိုယ်ပြန်မေးတော့ ခေါင်းယမ်းပြသည်။

"ကိုနဲ့အတူစားမှာ..."တဲ့...လိမ်မာလိုက်တာ..

သနပ်ခါးရနံ့တွေ ထုံမွှန်းနေသည်မို့ သူ့ပါးနှစ်ဖက်ကို တစ်ချက်စီးနမ်းလိုက်တယ်။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now