အပိုင်း_ ၂၁

222 19 0
                                    

Unicode

ငုဝါ...။

ည ၉နာရီထိုးပြီ ကိုရော ဆုရော ပြန်မလာကြသေး။ခါတိုင်းနေ့ဆို ၈ နာရီကျော်ဆို တစ်ယောက်တော့ပြန်လာတတ်တယ်။စောပြန်ရက်ကျတဲ့သူပေါ့။တခါတလေလဲ နှစ်ယောက်လုံး အတူစောပြန်လာကြတယ်။

ခုထိ နှစ်ယောက်လုံးပြန်မရောက်သေးဘူးဆိုတော့ နှစ်ယောက်လုံး စောမပြန်ရလို့နေမယ်။ငုဝါ နာရီကို တစ်ချက်ကြည့်ပြီး အေးဆေးသာ TV ရှေ့လာထိုင်နေလိုက်သည်။channel တစ်ခုပြီး တစ်ခု ပြောင်းကြည့်နေရင်း ကို့ကို စောင့်နေတာ။

ထိုစဥ် တံခါးတွးန်းဖွင့်သံ ကြား၍ ကိုပြန်လာပြီဟူသောအတွေးနဲ့ တံခါးဝဆီလှမ်းကြည့်တော့ကိုမဟုတ် ဆု။သူတစ်ယောက်တည်း။

ငုဝါတစ်ယောက် ဆုကိုငေးကြည့်လျက်သား ဖြစ်နေသလို ဆုကလဲ အိမ်ထဲဝင်ဝင်ချင်း ငုဝါကို မြင်တော့ အံ့သြသလိုမော့ကြည့်နေတာ။

"ငုဝါက အိမ်မှာလား..."တဲ့။ဆု တအံ့တသြမေးနေတာကြောင့် ကိုယ်တောင်ကြောင်သွားတယ်။

"ဆု နဲ့ ကိုမင်း အတူတူပြန်လာကြမှာမဟုတ်ဘူးလား..."ကိုယ်လဲ အံ့သြကာ ပြန်မေးလိုက်သည်။

"အဲ့ကောင်က စောပြန်သွားတယ်လေ...ငုဝါနဲ့ချိန်းထားကြတယ်ထင်တာ..."တဲ့။ဆုအဖြေကြောင့် ငုဝါ ရင်ပူသွားရသည်။

"သူ ၅နာရီတည်းက ပြန်သွားတာ..ခုထိအိမ်မရောက်သေးဘူးလား..."ဆု ထပ်မေးတော့ ငုဝါ စိုးရိမ်တကြီး နာရီမော့ကြည့်မိသည်။၉ နာရီကျော်လာပြီ။ခုထိ ကို့အရိပ်အယောင်တောင်မမြင်။

"သူ့ချိန်းထားတာရှိတယ်လို့ပြောတယ်...ငုဝါနဲ့မဟုတ်ဘူးလား..."

"ဟင့်အင်း...ငုဝါကိုဘာမှမပြောထားဘူး..."

"ဒါဆို..ဒီကောင်ဘယ်သွားတာလဲ..."ဆု သူ့ကျော်ပိုးအိတ်ချပြီး ဖုန်းထုတ်ကာ ကို့ဆီဆက်နေသည်။ဆု ခေါ်နေပြီဆိုတော့ ငုဝါ ငြိမ်နေလိုက်သည်။ရင်ထဲမှာတော့ ဂနာမငြိမ်လှ။ကိုက ဖုန်းကို vibration mood အမြဲထားတတ်တာ။ဖုန်းကိုင်ပါစေကို...။

"ကိုမင်းက အလုပ်ဆင်းရင်အိမ်ပဲတန်းပြန်လာတာ..ဆုလို ဟိုဝင် ဒီထွက် သဝေမထိုးတတ်ဘူး..." ဆု အမေကပါ စိတ်ပူကာ ပြောလာတော့ ငုဝါ ပိုပြီ ရင်ပူနေရပြီ။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now