အပိုင်း_ ၂၂

212 15 0
                                    

Unicode

မေမင်း..။

ဂိမ္မာန်နွေက တစ်ဖြည်းဖြည်း အပူရှိန်ပြင်းပြပြီး ရော်ရွက်ဝါကြွေတွေလဲ လေပြေအလာမှာမြေပြင်မှ ဟိုမှ ဒီမှ ပြေးလွှားနေတာ ခံစားတတ်သူအဖို့ ကြွေကွဲဖွယ် အလှပန်းချီပါလေ။

ချစ်လို့တောင်မဝခင် ခွဲရမည်ဆိုတော့လဲ မခွဲချင်ပေမယ့်နှုတ်ဆက်ရပေဦးမည်။ဘယ်အချိန် ရှိပြီလဲမသိချင်။ဒီတစ်နေ့ ကိုယ်အချိန်တွေ မေ့ထားချင်ပါသည်။

နေရောင်ကလိုက်ကာကိုဖြတ်ပြီး အခန်းကခြင်ထောင်ဆီ တိုးဝင်လာနေပြီ။ညာဖက်လက်မောင်းက လှုပ်မရလောက်အောင်ထိ သွေးစီးဆင်းမှုတို့ရပ်တန့်နေပေမယ့် နဲနဲလေးမှ ကိုယ်မရွေ့ဖြစ်ပါ။ကလေးလေး ကတော့ကိုယ့်လက်မောင်းပေါ်မှာ ဝင်သက်ထွက်သက်မှန်မှန်နဲ့ အိပ်မောကျနေဆဲ။ကိုယ့်အအသားကို ထိခတ်နေတဲ့ သူ့ထွက်သက်နွေးနွေးလေးက ကိုယ့်စိတ်ကိုတစ်မျိုးလေး ခံစားစေတယ်။ပြုံးပြုံးလေး ငေးမောကြည့်စေတယ်။

မျက်နှာပေါ်ဝေ့ဝဲကျနေတဲ့ သူ့ဆံနွယ်တွေက သူ့အလှကိုကွယ်ဝှက်ထားသလို ရှုပ်နေတာကြောင့် ဖယ်ပစ်ချင်ပေမယ့် အခုမှနှစ်ခြိုက်စွာအိပ်ခွင့်ရသူလို မလှုပ်မယှက် အိပ်မောကျနေတာမို့ မဖယ်ရက်။ခပ်မြူးမြူးစိတ်ကူးနဲ့ နဖူးပြင်ကို ခပ်ဖွဖွ ငုံ့နမ်းတော့ တစ်ချက်တွန့်လာပေမယ့် ပြန်ငြိမ်သွားတယ်။

အပေါ်ပိုင်း ဟင်းလင်းပြင်ချင်း ထိတွေ့ထားကြသည်မို့ နွေလယ်ခေါင်က ပူအိုက်တယ်လို့မထင်။သူ့ကိုစောင့်နတ်ကိုပါ အိပ်မွေ့ချထားသည့်အလား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ ကိုယ့်ကလေးလေး။ဒီလိုငေးကြည့်ချိန်တွေ သိပ်မကျန်တော့တာမို့ ကိုယ့်အနားရှိတုန်း လောဘကြီးစွာ မက်မက်မောမော ငေးမိတာလားမသိ။မျက်တောင်တွေ ဖျတ်ခနဲ့လှုပ်ခတ်သွားချိန်လေးတောင် ကိုယ့်မှာ အချိန်တွေ နှမြောနေမိသည်။

ဖြစ်နိုင်ရင် ဒီကောင်မလေးကို ကိုယ်ပြန်မလွတ်ချင်တော့ဘူး..။အပြီးပိုင် ကိုယ့်ဘဝထဲမှာနေဖို့ သိမ်းပိုက်ထားချင်တယ်။သူနဲ့မှလောဘကြီးနေမိတဲ့ ကိုယ့်အတ္တကိုလဲ မထိန်းချုပ်ချင်တော့။ကိုယ်ယုံကြည်တယ်။တစ်နေ့တော့ သူနဲ့အချိန်တွေ ကုန်ဆုံးခွင့်ရဦးမှာပါ။ထွေးပွေ့ရမယ့်အရွယ် အတူနေခွင့်မရပေမယ့် ယုယရမယ့်အချိန် အတူကုန်ဆုံးခွင့်ရရင် ကိုကျေနပ်ပါပြီ။ကိုယ်နဲ့အရမ်းဝေးတဲ့ ကောင်မလေးကိုမှ ချစ်မိခဲ့တာကိုး။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now