အပိုင်း_၁၃

254 19 0
                                    

unicode

ငုဝါ...။

ကိုစောင့်ခိုင်းတဲ့နေရာမှာ ငုဝါ ထိုင်စောင့်နေရင်းဘုရားရှိခိုးနေတဲ့ ကို့ ကျောပြင်ငေးနေမိသည်။

ကို့ ဘာသာရေးကိုငုဝါ နားမလည်ပေမယ့် ဒီနေရာလေးက စိတ်နှလုံးအေချမ်းစေတာအမှန်။

ခဏကြာတော့ ဘုရားဖူးပြီး ငုဝါဆီ ကို့ပြန်လျှောက်လာသည်။

"ကလေး...ဘုရားအောက်ဘက်ဆင်းရအောင်..အဲ့မှာ လူရှင်းပြီး လေတဖြူးဖြူးနဲ့ နေလို့ကောင်းတယ်..." တဲ့...

ကိုခေါ်ဆောင်ရာ ငုဝါ ငြိမ်ပြီးလိုက်လာခဲ့တယ်။ကိုပြောသလိုပဲ အပေါ်မှာ ဘုရားတိုးဝှေ့ ဖူးကြသည်မို့ စေတီခြေရင်းမှာ လူသိပ်မရှိကြ။လေလေးက တဖြူးဖြးနဲ့ နေရတာသက်တောင့်သက်သာရှိတယ်။

ထူဆန်းလိုက်တာ။ကောင်းကင်က ငုဝါတို့နဲ့ လက်တစ်ကမ်းမှာရှိနေသကဲ့သို့ အရမ်းနီးကပ်လွန်းနေတယ်။ငုဝါ အမြင့်ကြီးကိုရောက်နေတာပဲ ...

"ဆောင်းတွင်းဘက်ဆို ..တိမ်ဖြူတွေက ကို့မျက်ဝန်းရှေ့မှာပဲ ပြေးနေတာ .."တဲ့..

လမ်းဖြည်းဖြည်းလျှောက်ရင်း ကိုပြောပြနေတာ။

အောက်ကိုကြည့်ရင်လဲ သစ်ပင်ထူထူကြီးတွေနဲ့ ချောက်ကမ်းပါးတွေ။ဆောက်လုပ်ထားတာ အတော်ဆန်းကြယ်လှသည်။စေတီအောက်ဘုရားရဲ့ ကျောက်တုံးနှစ်တုံးကလဲ ကျောက်အစွန်းကိုထိယုံသာထိထားတာတောင် ပြုတ်မကျ။အတော်ထူးထူးဆန်းဆန်း။

ကျိုက်ထီးရိုးဘုရား နောက်ခံထားပြီး ကိုပုံရိုက်ပေးတယ်။ပုံရိုက်ပြီး...

"ကလေး..ခဏထိုင်ရအောင်..​ညောင်းတယ်..."တဲ့..

နှစ်ယောက်သား တစ်နေကုန် တစ်တောင်တက် တစ်တောင်ဆင်း လမ်းလျှောက်ထားတော့ ခြေထောက်တွေက အတော်ကိုက်ခဲနေပြီ။တစ်ဆစ်ဆစ်နဲ့ထိုးနေတာ ခန္ဓာကိုယ်ကို ကောင်းကောင်းမနိုင်ချင်ကြတော့။ညမှောင်လာလေ အအေးဓာတ်ကဲလာလေမို့ ကိုက်တာခဲတာ သိသာလာတာ။

လက်ရန်းဘေးမှာ နှစ်ယောက်သားထိုင်လိုက်ကြတယ်။ကိုက ရိုက်ထားတဲ့ ပုံတွေ ပုံထွက်ကောင်း မကောင်းကြည့်နေသည်။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now