အပိုင်း _၁၀

315 26 0
                                    

unicode

မေမင်း...။

off days!ဆိုတော့ စောစောထစရာမလို..။မနက်ခင်းက ချစ်ခြင်းတွေနှင့်နိုးထရလို့လား နေရောင်ခြည်တွေ ပိုလို့နွေးထွေးစေတယ်။

ကိုယ့်ရင်ခွင်မှာ ကိုယ့်ကလေးလေး အိပ်ပျော်နေတာလေး။ကိုယ်မနိုးရက်ပါ။ကလေးနိုးသွားမှာစိုး၍ သွေးမလျောက်တော့တဲ့ ကိုယ့်လက်မောင်းကထုံကျင်နေပေမယ့် နဲနဲကလေးမှ မလှုပ်ရှားရက်။

ဘယ်ပြည်က နတ်သက်​ကြွေလာလဲမသိ ကိုယ်ကတော့ ငေးကြည့်လို့ကိုမဝ။အနီးကပ်ဆုံး မြင်ခွင့်ရတဲ့ အချိန်လေးမှာ ကိုယ်ကတော့ တစ်စက္ကန့်မျှ အလဟသ မဖြစ်စေရ။အချစ်မျက်စိနဲကြည့်ရင် မြင်မြင်သမျှဟာ လှပစေသည့်စကားကို ကိုယ်လက်ခံရမည်။ကိုယ့်ကလေး အိပ်မောကျနေတာလေးက အလွန်ချစ်စရာ။

ကလေးက ခေတ်လူငယ်ဆန်ဆန်နေတတ်တဲ့လူတစ်ယောက်။ကိုယ်နဲ့တော့ အတော်ကွဲပြားသည်။စကားပြောသွက်သည်၊ဖျတ်ဖျတ်လတ်လတ်ရှိသည်၊လူကဲခတ်တော်သည်၊ပေါင်းသင်းဆက်ဆံတာ ပွင်းလင်းသည်၊နေတာ ထိုင်တာ အပြုအမှုတွေပါ လူငယ်ဆန်သည်။

တစ်ခုခုကိုသဘောကျရင် ပွင့်ပွင့်လင်းလင်းထရယ်ပစ်လိုက်တာကို ကိုယ်ချစ်တယ်။တကယ် ကလေးရယ်သံ က ကိုယ့်အတွက်တစ်မျိုးလေး စွဲဆောင်မှုရှိကာ ချစ်ဖို့ကောင်းနေသည်။

"ဖူး......."

နဖူးပေါ်ဝဲကျနေတဲ့  ဆံနွယ်လေးတွေ ကိုယ်ဖွဖွလေးမှုတ်ပစ်ရင်း မျက်နှာလေးကို ထင်ပေါ်စေလိုက်သည်။

ကိုငေးကြည့်နေရင်းအသဲယားလာတယ်။ကလေး ပါးနဲ့နှာတံ ကြာကို ဖွဖွလေးနမ်းလိုက်တော့....

ကလေးလေး နိုးသွားရှာပြီ။မျက်ခွံလေး တစ်ဖြည်းဖြည်းပွင့်ဟလာသည်။မျက်လုံး လဲ့လဲ့လေးတွေနဲ့ကိုယ့်ကို မော့ကြည့်လာတော့ ကိုယ်နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။

"ချစ်တယ်..."

ကိုဆိုတော့ သူပြုံးပြတယ်။သူ့ လက်ကလေးတွေ နဲ့ ကိုယ့်ပါးကိုလာအပ်လာသည်။ကိုယ့်နှုတ်ခမ်းကို မထိခလုတ် ထိခလုတ် ဆော့ကစားနေသည်။

"ကို..."

"အင်း..."

"ငုဝါမေးစရာရှိတယ်..အမှန်တိုင်းဖြေနော်..."

Thank You [ Uni 🔛 Zaw ]Where stories live. Discover now