အပိုင်း_၆

288 26 0
                                    

unicode

ငုဝါ...။

April 7.နွေရာသီ...။လေပြေအဝှေ့မှာ ကြွေလုလုရော်ရွက်လေးများ သု့ထက်ငှါ အပြေးအလွှား မြေပြင်ဆီပြေးဆင်းလာကြသည်။မြေနီမှုန့် သဲ့သဲ့လေးတွေက ရွက်ကြွေတွေကို ဆီးကြိုနေသယောင် ဟိုမှသည်မှ လွင့်ပါးနေတာ..။ဒါ နွေရဲ့ အလှပန်းချီပဲ ဖြစ်မှာပါ။နွေရဲ့ လန်ဆန်းခြင်းနဲ့အတူ ငုဝါ ခြေလှမ်းများလဲ ပေါ့ပါးသွက်လက်နေ၏။

ငုဝါတစ်ယောက် သူ့အဝတ်ထုပ်ကို ဆွဲကာ ကားဝင်းထဲ လျှောက်လာခဲ့သည်။

"မိုးကောင်းကင်"ကော့သောင်း_ရန်ကုန် အဝေးပြေးကားဂိတ်။

ပြီးခဲ့တဲ့နှစ်ကုန်က ငုဝါမနားတမ်းအလုပ်ဆင်းရသည်။လူရော စိတ်ရော ပင်ပန်းခဲ့ပြီးပြီလေ။ဒီသင်္ကြန်မှာ အေးဆေးနားရအောင် ငုဝါ သူဠေးက အလုပ်နားရက် ၁၀ ရက်ပေးသည်။

အလုပ်ကအဖော်တစ်ယောက်ကလဲ ရန်ကုန်သွားဖို့ရှိသည်ဆိုတော့ ငုဝါ သင်္ကြန်နားရက်ကို ရန်ကုန်တက်ဖို့ဆုံးဖြတ်လိုက်သည်။

တခါမှ ခရီးဝေးမသွားဖူးတော့ အိမ်ကစိတ်မချတော့ မလွတ်ချင်။ငုဝါလဲ သွားမည်ဟုဆုံးဖြတ်ပြီး အိမ်နဲ့အတိုက်အခံလုပ်ကာ ၂ရက်လောက်ခါင်းမှာပြလိုက်တော့ စိတ်မချပေမယ့် ခွင့်ပြုပေးသည်။

"ငုဝါ..လာပြီကို..."ကားကြီးကို ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ်။

ကားဘီး စလိမ့်လေပြီ။ကို့ကိုတွေ့ရတော့မှာဆိုတော့ ရင်ခုန်နေမိသည်။ပျော်နေမိသည်။ရင်ခုန်သံက စည်းချက်လှပစွာနဲ့ ကိုလဲ ငုဝါနဲ့ထပ်တူပျော်နေသည်လေ။ငုဝါလာမယ်ဆိုတော့..

"ကို့ကိုနောက်နေတာမလား.."တဲ့

"နောက်ဘူးကို...ငုဝါအတည်လာမှာ..."ဟု

ကားလက်မှတ်ကို ပြလိုက်တော့ video call ထဲမှ အံ့သြကာ ပျော်နေတဲ့ ကိုယ့်မျက်နှာလေး။အနမ်းတွေ အထပ်ထပ်ပေးတာ မရပ်တမ်း ခုထိမှတ်မိတုန်း။

ကိုယ်ချစ်တဲ့ လူကိုအပြင်မှာတွေ့ခွင့်ရတာလောက် ပျော်ဖို့ကောင်းတာ ဒီကမ္ဘာမှာဒီထက်ပျော်ရွှင်ရတဲ့ ပျော်ရွှင်မှုမျိုး ရှိမယ်မထင်ပါ။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now