အပိုင်း_၇

287 27 0
                                    

unicode

မေမင်း...။

ဒီခရီးက..
ကလေးလေးဘဝအတွက် အမှတ်ရဆုံးနဲ့ မေ့ဖျောက်မရအောင်ပျော်ရွှင် စေရမယ်။ကိုယ့်ဆီအရဲစွန့်လာတဲ့ကလေးလေး။ကိုယ့်ကိုချစ်လို့ ရန်ကုန်ထိ သူလာခဲ့တာ။အဲ့အတွေး တစ်ခုနဲ့ပဲ သူ့ကို တစ်ဘဝစာ ချစ်ဖို့ လုံလောက်ပါပြီ...။

sunday ဆို မေမင်းအလုပ်က ဗိုလ်ချုပ်စျေး ဆိုင်ခွဲသို့သွားရသည်။မနက် ၉ နာရီအလုပ်ဝင်ရပေမယ့် ဆိုင်ရှင်အန်တီကြီးက မလာသေး၍ ဆိုင်ခန်းရှေ့ ခုံတန်းလေးမှာထိုင်ကာ ဖုန်းထုတ်၏။

" ဘယ်ရောက်နေပြီလဲ မသိဘူး..ရတဲ့အချိန်လေးဖုန်းခေါ်လိုက်ဦးမယ်..."ဟုတွေးရင်း ဖုန်းခေါ်လိုက်တယ်။

ခဏကြာတော့ ဖုန်းကိုင်လာတယ်။

"hello ..ကလေး..ဘယ်ရောက်နေပြီလဲ..."ကိုယ်ပဲအရင်ဦးအောင်မေးလိုက်တယ်။

"မော်လမြိုင် တဲ့..ကို..ငုဝါတို့ မနက်စာစားဖို့ ကားရပ်နားပေးထားတာ..."

"ဟင်...မော်လမြိုင်တောင်ရောက်ပြီးလား..."

မေမင်း စိုးရိမ်သွားသည်။ကိုယ့်တို့မှန်းဆထားတာထက် တစ်ရက်ကြိုရောက်လာလို့။ကိုယ်က မနက်ဖြန်မှ နားရက်ယူထားတာ။

"အင်း..ဘာဖြစ်လို့လဲကို..."

"မော်လမြိုင်ဆို နီးလာပြီလေ ..ဒီညနေတောင်ရန်ကုန်ဝင်လောက်တယ်...ကိုတို့တွက်ထားတာ မနက်ဖြန်မနက်မှရောက်မယ်ဆိုပြီး..."

"ဟုတ်လား...ဒုက္ခပါပဲ..ကိုအခုဘယ်မှာလဲ..."

"ကိုအလုပ်ရောက်နေပြီလေ..."

ချစ်သူ နဲ့တွေ့ဖိုးနီးလာလေ ရင်ခုန်ပြီးပျော်နေရမယ့်အစား စိုးရိမ်စိတ်တွေနဲ့ ပူလောင်နေရတယ်လို့။ဘယ်လို လွဲချော်မှု ကြီးလဲ။သူတော့ ကားဂိတ်မှာ အားငယ်ကာ စိတ်မကောင်းဖြစ်နေတော့မှာပဲ။

"ကို့..ငုဝါကိုလာခေါ်နော်..ငုဝါကြောက်တယ်..."

"အင်းပါ..ကလေးဘာမှမကြောက်နဲ့နော်..ကားစောစောဆိုက်ရင် ဘယ်မှမသွားနဲ့ ဂိတ်ထဲမှာပဲနေနော်..."

"ဟုတ်..."

"ရန်ကုန်ဝင် ဖုန်းဆက်နော်..ကိုဖုန်းအနားမှာထာတယ်..."

Thank You [ Uni 🔛 Zaw ]Where stories live. Discover now