အပိုင်း_၁၆

223 20 0
                                    

unicode

မေမင်း...။

နောက်တစ်နေ့။April 18.

နှစ်ဆန်းနှစ်ရက်နေ့ အလုပ်ပြန်ဝင်ရမည်မို့ မေမင်း စောစောနိုးပါသည်။သို့ပေမယ့် အိပ်ယာက မထချင်။

"အင်း...."အပျင်းကြော သေးသေးလေး ဖြည်းဖြည်းဆွဲကာ ကိုယ့်ကလေးလေးဦးခေါင်းပေါ်  ကိုယ့်မှေးတင်ထားလိုက်သည်။

"ကိုအလုပ်သွားရမယ်မလား..."ကိုယ့်ကို တင်းနေအောင်ဖက်ရင်း မေးလာတဲ့ကလေး။

"အင်း..."

"ထတော့လေ..."တဲ့...။သူဆိုပေမယ့် ကိုယ့်ကိုဖက်ထားတာ မလွတ်ပေး။

"အလုပ်မသွားချင်ဘူး...ကလေးအနားမှာပဲနေချင်တယ်..."လို့ ကို ပြောတော့...

"ကလေးလို..လုပ်မနေနဲ့...သွား..."တဲ့။သူ့လက်တွေဖြေလျော့ပေးရင် ဆိုလာတယ်။

ကိုယ် သူ့နဖူးလေးကို ခပ်ဖွဖွ တစ်ချက်နမ်းလိုက်သည်။ပြီးတော့..သူ့နားရွက်လေးကို မနာယုံတမယ် တမင်ကိုက်လိုက်ပြီး...

"Happy Birthday..ကလေး..."လို့ တိုးတိုးလေးပြောလိုက်တော့...

"ကို..မှတ်မိတယ်ပေါ့..."ခေါင်းမော့ကာ ပြန်မေးလာသည်။

"အင်း...ဖြစ်နိုင်ရင် ဒီနေ့နဲ့ မနက်ဖြန်လဲလို့ရရင်လဲလိုက်ချင်တယ်..."

"ဘာလို့လဲ..ကို.."

"မနက်ဖြန်ကြာသပတေးနေ့...ကိုယ်နားရက်လေ..."

အလုပ်က တစ်လမှာ ၄ ရက်။တစ်ပတ်တစ်ရက် off day ပေးသည်မို့ ကိုယ်ကကြာသပတေးနေ့ယူထားတာ။

April 18 သာ ကြာသပတေးနေ့ဆို ကိုယ်ဟာ ကံအကောင်းဆုံးဖြစ်မှာ။သို့ပေမယ့် လူဆိုတာ အမြဲ ကံမကောင်းနိုင်ဘူးလေ။

"ဒီနေ့အတွက် ကိုယ်မနက်ဖြန်မှ ကလေးကိုအချိန်အစားပြန်ပေးမယ်နော်..စိတ်မကောင်းမဖြစ်ရဘူးနော်..."

"ငုဝါနားလည်ပါတယ်ကို...ငုဝါ စားချင်တာတွေကိုဝယ်ကျွေးတယ်...နေရာတော်တော်များများလဲ လိုက်ပို့ပေးပြီးပြီလေ...ကိုအလုပ်ကို စိတ်ဖြောင့်ဖြောင့်သွားနော်..."

"အင်းပါ...ဘယ်သွားချင်သေးလဲ..ဒီနေ့အိမ်မှာကျန်ခဲ့ရင်းစဥ်းစားထားနော်..."

Thank You [ Uni 🔛 Zaw ]Where stories live. Discover now