အပိုင်း_၃

341 27 0
                                    

unicode

မေမင်း...။

"ဟင်..ကလေးအိပ်နေပြီမလား..."
ကိုယ်မေးရင်း ဖုန်းထိပ်ကနာရီကို ကြည့်လိုက်တာ ညဥ့် ၁ နာရီကျော်နေပြီ။

"ကို့ကိုသတိရလို့..."

ငို့မဲ့မဲ့အသံလေးက ထပ်ဝင်လာသည်။မျက်လုံးတွေ စပ်နေသည်မို့ အနည်းငယ်ပွတ်လိုက်သည်။သူမအသံလေးက အူယားချင်စရာ။အနားမှာရှိနေရင် အနမ်းတွေမနားတမ်းပေးမိမှာအမှန်။

"ကလေး..တရေးနိုးလာတာလား..."

"အင်း...ကို့ကိုလွမ်းတယ်..."

"ကိုလဲလွမ်းတယ်နော်...ကလေးဘေးမှာကိုအိပ်ပေးမယ်...မျက်လုံးလေးမှိတ်ပြီးစိတ်ကူးကြည့်ပေး..ပြန်အိပ်လိုက်နော်..."

"အိပ်ဖူး...ဟင့်..."

"ဟော...မနက်အိပ်ယာထ ခေါင်းကိုက်နေမယ်လေ...ကလေးကလဲအိပ်နော်..."

" ပြန်အိပ်မပျော်တော့လို့...ဆို..."

"အိမ်မက်ဆိုးမက်လို့လားကလေး..."

"ဟုတ်ဘူး..ယားလို့..."

"ဟင်...ဘာယားတာလဲ..."မေမင်းအိပ်ချင်စိတ်ပင် ပျောက်လုလု မျက်လုံးကျယ်လာရသည်။

"ရင်သား..."

သူမအသံကိုပင်ကိုယ်ထက် ခပ်နှိပ်နှိပ်ပြောလိုက်ပေမယ့် နှလုံးသားချင်းနီးသူမို့ မေမင်းသဲသဲကွဲကွဲကြားရပါသည်။

" ကလေး..ဓမ္မတာလာချိန်နီးလို့နေမှာပေါ့..."

"ဟာ..ကိုကလဲ အဲ့ လိုဟုတ်ဘူး..ကို့ကိုလွမ်းလို့ပါဆို..."

"ကလေးကလဲ..လွမ်းတာနဲ့ရင်သားယားတာနဲ့ ဘာဆိုင်လို့တုန်း..."မေမင်းနဲနဲ အူကြောင်ကြောင်နေမိသည်။

"ကို့......"သူမစိတ်တိုသလို ခပ်ဆတ်ဆတ်အော်ခေါ်လိုက်သံ။

"ဗျာ..."

"ကိုနဲ့အတူနေချင်တယ်..."

ဒီတစ်ကြိမ်တော့ သူမအသံတိုးတိုးလေး။မေမင်းကိုယ်တိုင်လဲ သူ့ရင်သားတွေ ယားသလို စိတ်ထဲမရိုးမရွ ခံစားမှုတစ်မျိုးဖြစ်ပေါ်နေသည်။ခန္ဓာကိုယ်အောက်ပိုင်းကလဲ တစ်ခုခုဆာလောင်လာသလို။မေမင်းတစ်ယောက်ဘေးတစ်စောင်း လှဲအိပ်ကာ ဒူးကွေးထားရသည်။

Thank You [ Uni 🔛 Zaw ]Where stories live. Discover now