PART🌻5🌻

909 107 25
                                        

My doctor is my sunflower🌻PART_5🌻

ယောင်းတို့ အိမ်ပြန်ရောက်တော့
လီလီအိမ်အတွင်းပိုင်းကို
တစ်ချက်ဝေ့ဝိုက် ကြည့်လိုက်သည်
စပ်စုတာမျိုး မဟုတ်ပေမဲ့ ယောင်းဆိုတဲ့အမျိုးသမီးလေး နေတဲ့နေရာက ဘယ်လိုမျိုးလည်းဆိုတဲ့ သိချင်စိတ်လေးကြောင့်ပေါ့

အိမ်လေးက တကယ်ကို
ရိုးရိုးရှင်းရှင်းလေးပါပဲ
ပရိဘောဂတေကလည်း လိုအပ်တာထပ်
ပိုမနေသလို ပစ္စည်းတေကလဲ
ဘာမှ များများစားစား မရှိပဲ
ရိုးရိုးရှင်းရှင်းလေး

နံရံမှာလည်း ဘာမှအလှဆင်ထားခြင်းမရှိ
ဓာတ်ပုံလေးတစ်ပုံ ပန်းချီကားချက်လေး
တစ်ချက်တောင်ရှိမနေ

ယောင်းက
တကယ်ကိုရိုးရှင်းတဲ့အမျိုးသမီးလေးပဲ
ယောင်းရဲ့အလှတင်ရိုးရှင်းတာမဟုတ်ပဲ
ယောင်းရဲ့ နေထိုင်မှုပုံစံလေးကအစရိုးရှင်းတာ

"လီလီ ထိုင်အုံးနော် ယောင်းနေ့လည်စာပြင်လိုက်မယ်"

အိမ်ကိုဝေ့ဝိုက်ကြည့်နေတဲ့ လီလီ့ကို
ယောင်းက ဧည့်ခန်းက
sofaလေးကိုညွှန်ပြပြီးထိုင်ခိုင်းတယ်

"လီလီလည်း ကူမယ်လေ ဘာမှမချက်တတ်ပေမဲ့ အသီးအရွက်တေတော့ လှီးတတ်ပါတယ်"

"ရတယ်လီလီ လွယ်လွယ်ကူကူ အစားအစာပဲ စားကြမလား"

"ယောင်းအဆင်ပြေတာလုပ်လေ လီလီက အကုန်စားတယ်"

"ဒါဆို ယောင်းစပြင်လိုက်မယ်နော် လီလီကစောင့်နေပေး"

"လီလီလည်း တစ်ခုခုတော့ကူချင်တယ်လေ တစ်ယောက်တည်း နေရရင် ပျင်းစရာကြီး"

"အင်း အဲ့တာဆိုလဲ Kitchen ထဲလိုက်ခဲ့ Spaghetti လုပ်မှာဆိုတော့ အလုပ်သိပ်မများပါဘူး"

ယောင်းကပြောရင်းပင်
မီးဖိုခန်းဟု ထင်ရသော အခန်းထဲသို့
ဦးတည် သွားနေသည် လီလီလည်း ယောင်းနောက်ကလိုက်ရင်း

"Wow spaghetti လား လီလီ အရမ်းကြိုက်တယ် ယောင်းလက်ရာ ကအရမ်း စားကောင်းမှာ သေချာတယ်"

"ဟုတ်ပါပြီ လီလီက ဒီနားကစောင့်နေနော် တို့က ချက်ဖို့ပြင်မယ်"

ထမင်းစား စားပွဲက ထိုင်ခုံလေးတစ်ခုကိုထုတ်ပေးရင်း ချယ်ယောင်းက ထိုသို့ပြောတော့

𝕄𝕪 𝕕𝕠𝕔𝕥𝕠𝕣 𝕚𝕤 𝕞𝕪 𝕤𝕦𝕟𝕗𝕝𝕠𝕨𝕖𝕣🌻Onde histórias criam vida. Descubra agora