My doctor is my sunflower🌻PART_2🌻.
လီလီတစ်ယောက် ပြတင်းပေါက်မှဖြတ်ဝင်လာတဲ့အလင်းရောင်ကြောင့်တအင်းအင်းတအဲအဲနဲ့နိုးလာသည် နိုးလာတော့ပထမဆုံးဝင်လာတဲ့အသိက သူဒီနေ့နေကြာခင်းဆီသွားရမယ်ဆိုတာမို့ နိုးနိုးချင်းစိတ်ကြည်နေမိတော့သည်
အမှန်ဆိုမနေ့ကရောက်ရောက်ချင်းသွားချင်ပေမဲ့ ဦးလေးရဲ့ပင်ပန်းနေတာနားပါအုံးဆိုတဲ့စကားကြောင့် သွားချင်စိတ်ကိုမနည်းထိန်းချုပ်ထားရသည်
ယခုမနက်တော့နိုးတယ်ဆို ရေမိုးချိုးကာ အောက်သို့တတ်ကြွသောခြေလှမ်းများဖြင့်
Dining roomထဲသို့ မပြေးရုံတမယ်ရောက်လာသည်
"လီလီလေး တော်တော်ပျော်နေတယ်ပေါ့"
"ပျော်တာပေါ့ အန်ကယ်လေးရဲ့ လီလီလေနေကြာပန်းတေကိုအရမ်းတွေ့ချင်နေပြီ"
"အမလေး ငါ့တူမကတော့နော် နေကြာဆိုတာနဲ့တတ်ကြွနေတော့တာပဲ"
"ဟီး😁😁"
"အန်ကယ်လေးက မအားဘူးလီလီ အဖော်တစ်ယောက်ခေါ်သွား Hannaကိုခေါ်သွား လီလီ"
"ဟုတ်"
"Hanna လီလီ လေးကို စိတ်ချမယ်နော်"
"ဟုတ်ကဲ့ပါ"
"ကဲလီလီ Hannaက လမ်းပြပေးလိုက်မယ် အန်ကယ်လေးကိုခွင့်ပြအုံးနော် ဒီနေ့သူဌေးနဲ့အရေးပေါ်သွားစရာလေးရှိလို့"
"ရပါတယ် အန်ကယ်လေးရဲ့ လီလီ့ကိုစိတ်ချပါ အလုပ်ကိုဖြောင့်ဖြောင့်သွားနော်"
"အင်း ဒါဆို အန်ကယ်လေးသွားပြီနော်"
"ဟုတ်"
လီလီ အန်ကယ်လေး သွားတယ်ဆို မနက်စာကို ကမန်းကတန်းစားလိုက်ပြီး
"Hanna လီလီတို့သွားကြမယ်လေ"
"ဟုတ်"
လီလီနဲ့ Hannaစကားလေးတပြောပြောနဲ့လမ်းလျှောက်လာကြသည် စကားပြောရင်းHannaရဲ့ဘဝအကြောင်းတချို့ကိုလည်းသိခဲ့ရသည်
ဆိုးသွမ်းတဲ့ကောင်မလေးတစ်ယောက်ကနေအခု ဦးလေးရဲ့ ယုံကြည်ရတဲ့လက်ထောက်မလေးဖြစ်နေပြီဆိုတာပေါ့
