My doctor is my sunflower🌻PART_6🌻
လီလီ့ ဒဏ်ရာကြောင့် စက်ဘီး
ဆက်မစီးဘဲ အိမ်ပြန် ခဲ့ကြသည်
အန်ကယ်လေးတို့ အိမ်ရှေ့မှာ ယောင်းက
စက်ဘီးကို ရပ်လိုက်ပြီး လီလီ့ကိုတွဲကူသည်ဒဏ်ရာက အရမ်းမကြီးပေမဲ့
ဒူးဆစ်နေရာမို့ လမ်းလျှောက်ဖို့
နည်းနည်း အားယူရသည်အန်ကယ်လေးက မနက်မှ Seoul က
ပြန်ရောက်မှာဖြစ်ပြီး Hannaကလည်း ခြံတေဘက်က ပြန်မလာသေးတာမို့
အိမ်မှာ အိမ်အကူတေသာရှိသည်လှေကားထိပ်ရောက်တော့ ယောင်းကလီလီ့ ခန္ဓာကိုယ်ကို ဆွေ့ခန ပွေ့ချီလိုက်တာမို့
"အ ယောင်း ဟို ... ရ.... ရပါတယ်ယောင်းရဲ့ လီလီတတ်နိုင်တယ်"
"မင်းရပေမဲ့ တို့မရဘူး"
စကားကို ခပ်ပြတ်ပြတ်ပြောပြီး
ယောင်းက လှေကားပေါ် စတတ်နေလေပြီလီလီ အခုရင်ခုန်နေတာ
ဟုတ်တယ် ယောင်း မျက်ဝန်းထဲ
စိုက်ကြည့် နေတုန်းက အေးချမ်းနေ
သလောက် ယောင်းနဲ့ နီးနီးကပ်ကပ်
ရှိနေတဲ့ အချိန်မှာတော့ လီလီ နှလုံးသားလေးက တကယ်ကို အခုန် မြန်နေခဲ့ပါတယ်အနီးကပ် မြင်နေရတဲ့ ယောင်းရဲ့
မျက်နှာလေးပေါ်မှာ ချွေးစတေက
မခြောက်သွေ့သေးဘူး လီလီ့ကို
ချီထားရတာမို့ ယောင်းက အားတင်းတဲ့
အနေနဲ့ သူ့အောက် နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ထားသေးတာယောင်းရင်ဘက်ထက် မျက်နှာအပ်တဲ့
အနေ အထားရှိနေတာမို့
လီလီ ယောင်းမသိအောင် ယောင်းရဲ့
ကိုယ်သင်းနံ့လေးကို ခိုးယူ ရှူရှိုက်မိတယ်"လီလီ တို့ကို ကူပါအုံး"
ယောင်းရဲ့ စကားသံ ကြားတော့
လီလီ အလန့်တကြား မော့ကြည့်မိတယ်
လီလီက မဟုတ်တာ လုပ်နေ မိတဲ့သူမို့လား
ယောင်းရဲ့ ကိုယ်သင်းနံ့လေးကို
ခိုးယူ ရှုရှိုက်မိတာ အပြစ် မဖြစ်လောက်ဘူး
လို့တော့ ယူဆမိပါရဲ့လီလီ ရဲ့ယောင်း တံခါးလက်ကိုင်ကို
မေးငေါ့ပြတာမို့ လီလီ သဘောပေါက်ကာ
ယောင်း လည်ပင်းထက် ဖက်တွယ် ထားတဲ့
လက်နှစ်ဖက်မှ တစ်ဖက်ကို ဖြုတ်ပြီး
တံခါးကို ဖွင့်လိုက်တယ်
