PART🌻1🌻

3.4K 154 23
                                    

My doctor is my sunflower🌻PART_1🌻

နေရောင်ခြည်ဟာကမ္ဘာမြေပေါ်ကိုစတင်အခြေကျသည်နှင့်အမျှ သက်ရှိသတ္တာဝါတိုင်းဟာလည်းမိမိတို့လုပ်ငန်းခွင်အတွင်းသို့စတင်ဝင်ရောက်ကြနေပြီဖြစ်သည်

ထိုထဲတွင်Park Chaeyoungဆိုသောသူမလည်းအပါအဝင်ဖြစ်သည် သဘာဝအတိုင်းဖွေးဥနေသောအသားအရည် ညိုလဲ့လဲ့မျက်ဝန်းများ နှင်းဆီဖူးကဲ့သို့နီထွေးထွေးနှုတ်ခမ်းလေးနှင့် ဖျောင့်ဆင်းနေသောနှာတံလေးကြောင့်ထွေထွေထူးထူးပင်ပြင်ဆင်နေစရာမလိုပဲ သူမဟာလှပနေပြီးဖြစ်သည် ခြံရှေ့ရှိနှင်းဆီဖြူတေသီးသန့်စိုက်ထားတဲ့ နှင်းဆီခင်းလေးထဲအနည်း
ငယ်တို့းလျှိုဝင်လိုက်ပြီး ပန်းပွင့် အပွင့်နှစ်ဆယ်
ခန့်ကိုကတ်ကြီးအကူအညီဖြင့် အပင်မှခူးယူလိုက်သည်

ထို့နောက်အိပ်ထဲတွင်အသင့်ပါလာသော အဝါရောင်ပဝါစလေးကိုအသုံးပြုပြီး နှင်းဆီပန်းတေကိုတစုတစည်းထဲဖြစ်အောင်စည်းနှောင်လိုက်သည်

နှင်းဆီပန်းအစည်းလေးကို စက်ဘီးခြင်းထောင်းထဲသို့ထည့်လိုက်ပြီး စက်ဘီးလေးကိုခြံအပြင်သို့တွန်းကာ လမ်းအရောက်တွင်တော့ သူမကိုယ်လေးကိုပါသယ်ဆောင်စေပြီး သူမကိုယ်တိုင်တည်ထောင်ထားတဲ့ ကုသိုလ်ဖြစ်ဆေးခန်း‌လေး သို့ စတင်ရွေ့လျားလိုက်သည်

စက်ဘီးစီးရင်းတိုးဝင်လာတဲ့ လေထုကိုအပြည့်အဝရှူရှိုက်ရတာသူမနှစ်သက်သည်
နေ့တိုင်းမြင်နေကျဆိုပေမဲ့ ဆေးခန်းနှင့် အိမ်သွားရာလမ်းဘေးမှ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်
ကြည့်ရတာသူမသဘောကျသည်

‌ ကျေးလက်ဆန်သည့်မြို့လေး ဖြစ်သည့်အလျှောက် သန့်ရှင်းသောလေထုနှင့် စိမ်းစိုနေသောပတ်ဝန်းကျင်က သူမအားလန်းဆန်းစေသည်

မြို့ပြမဟုတ်ပဲ ဒီလိုကျေးလက်ဒေသလေးမှာ ကုသိုလ်ဖြစ်ဆေးခန်းလေးဖွင့်ထားတဲ့သူမဘဝဟာ သူမငယ်ငယ်ကဖြစ်ချင်တဲ့အိမ်မက်နဲ့ ကွာဟနေပေမဲ့လည်း ဒီဘဝလေးကိုသူမအလွန်သဘောကျသည်

မိဘနှစ်ပါးလုံးမရှိတော့ပေမဲ့ သူမဘဝလေးဟာ အထီးကျန်နေသည်တော့မဟုတ်ပါ လူတိုင်းအပေါ်စေတနာနဲ့ကူညီတတ်တဲ့သူမကို ဒီနယ်တစ်ဝိုက်ကလူအားလုံးဟာမသိတဲ့သူမရှိသလောက် အားလုံးကသူမကို နွေးထွေးစွာမိသားစုသဖွယ်ဆက်ဆံပေးတဲ့အပြင် သူမအကူအညီလိုအပ်လျှင်လည်း မဖြစ်မနေကူညီ
မယ့်သူများဖြစ်သဖြင့် သူမအနေနဲ့ အထီးကျန်မှုနဲ့တော့ဝေးကွာတယ်လို့ပြောလို့ရသည်

𝕄𝕪 𝕕𝕠𝕔𝕥𝕠𝕣 𝕚𝕤 𝕞𝕪 𝕤𝕦𝕟𝕗𝕝𝕠𝕨𝕖𝕣🌻Where stories live. Discover now