စာရေးသူ၏ အမှာစာ

69.9K 2.7K 86
                                    

⛩️ အင်းဝခေတ်က ကညာပျို⛩️

Edit - အခုမှစဖတ်မဲ့သူများကို အသိပေးချင်ပါတယ်။
အသွန်း ဒီFicကို Part (1) to (38) အထိ
တစ်ချို့အပိုင်းတွေမှာ အရေးအသားတွေအားမရလို့ ပြန်ပြင်ချင်ပါတယ်။

ဆိုတော့ ဖတ်နေရင်းဇာတ်လမ်းကွာဟမှုရှိနေရင်ခွင့်လွတ်ပါ။ပြီးတော့ အရင်ရေးထားကိုမဖျက်ပဲ ပြင်ဆင်ထားတဲ့အသစ်ကို အပေါ်ကတင်ပေးထားမှာပါ။ သဘောကျတဲ့ ver နဲ့ဖတ်လို့ရပါတယ်ရှင်။
________

BLပါ။ Fic nameကြောင့် normal ထင်နေမှာစိုးလို့။

မြို့စားမင်းနဲ့ သူ့ ကညာလေးပေါ့။

ကညာလေးက type၂မျိုးရှိမယ်။
အစပိုင်း ပျော့ပျော့ညံ့ညံ့လေးပေမဲ့ နောက်ပိုင်းမှာ မြို့စားမင်းနဲ့အတူ စစ်တိုက်လိုက်နိုင်တဲ့အထိ strong သွားတာမျိုး။

သူstrong ရတဲ့အကြောင်းအရင်းက မြို့စားကို ကာကွယ်ချင်တဲ့ စိတ်ကြောင့်မို့ သူ့ရဲ့ နူးညံ့ပြီး ပျော့ပြောင်းတဲ့ တစ်ဖက်ခြမ်းကတော့ အဆုံးထိ မြို့စားအတွက် သီးသန့်ဖြစ်တည်နေဦးမှာပါ။

မြို့စားမင်းက အင်းဝခေတ်ရဲ့sugar daddy ။

သူရဲ့ ကညာလေး လက်ညိုးညွှန်တာမှန်သမျှ အဆောင်ဓားကို အပေါင်ထားပြီး မုန့်ဝယ်ကျွေးတာမျိုး။

ဘိုးဘွားပိုင် လက်စွပ်ကိုတောင် တုံ့ဆိုင်းခြင်းမရှိ ချွတ်ပေးတာမျိုး။

သူပိုင်ဆိုင်သမျှက အဲ့ဒီကောင်လေးအတွက်ရည်ရွယ်ထားပြီး မျက်နှာတစ်ချက် အငြိုးမခံတဲ့သူမျိုးဖြစ်မှာပါ။

အသွန်းလုပ်တဲ့အလုပ်တွေထဲ ဒါလေးကို အာရုံတစိုက်လုပ်မိဆုံးမို့ တန်ဖိုးထားလဲ ထားမိပါတယ်။

လိုအပ်ချက်တွေ ရှိနေနိုင်ပေမဲ့လဲ အသွန်းအကောင်းဆုံးကြိုးစားခဲ့မှာမို့ သဘောပေးကြပါဦးလို့....။

    
               ချစ်ခြင်းများစွာဖြင့်

                         အသွန်း⛩️.

25.09.2021
____________

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now