⛩️(59)𝑼𝒏𝒊𝒄𝒐𝒅𝒆⛩️

7.3K 735 28
                                    

အပိုင်း(၅၉)

ရင်ခွင်ထဲမှ ရုန်းထွက်ကာ မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လာသော ရတု၏ မျက်ဝန်းများတွင် စိုးရိမ်မှု့တို့အပြည့်။ဝိုင်းဝန်းသော မျက်ဝန်းကြည်ကြည်များအား ပံ့ပိုးထားသော မှဲ့နက်ကလေးသည်
မျက်ခမ်းစပ်အောက်၌ တင့်တယ်သည်။ထိုမှဲ့နက်လေးအား လက်မဖြင့် စဝ်ခွန်သ ခပ်ဖွဖွ ပွတ်သပ်လိုက်၏။

" မဖြစ်ပါဘူးလေ
အရင်အိမ်ရှေ့စံက ချိတ်ပိတ်ပေးခဲ့ပဆိုတော့
ကိုယ်တော့် ဆန္ဒအလျောက်
စည်းမဖောက်သ၍ အဆင်ပြေပ "

" အရင်အိမ်ရှေ့စံ...
သူက ဘယ်သူလဲ
သမိုင်းမှတ်တမ်းတွေထဲမှာတော့
မင်းကြီးစွာစော်ကဲ လက်ထက်မှာ
ဆင်ဖြူရှင်တရဖျားတစ်ယောက်ကိုပဲ
အိမ်ရှေ့စံအဖြစ်တွေ့ခဲ့တာ.. "

စဝ်ခွန်သ၏ နှုတ်ခမ်းစွန်းလေးမှာ အောက်သို့မဲ့မဲ့လေးကိုင်းသွားဟန် ဖျတ်ခနဲမြင်လိုက်သည်။ဝမ်းနည်းရိပ်တစ်စွန်းတစ်စတို့ပါ၏။ယဲ့ယဲ့သာပြုံးနိုင်သော အခြေအနေဆိုးမျိုးဖြင့် ကြုံခဲ့ရဖူးမည်ထင်သည်။

" နောင်ရိုးသင်္ခတဲ့
ဘွဲတော်အပြည့်အစုံအရဆိုရင်တော့
သီရိကဉ္ဇန တြိလောက ဝဋံသကာ ဒိတျာဓိပတိ နောင်ရိုးသင်္ခမဏိ ပေါ့လေ "

" အိုး~~
ဘုန်းအာဏာစက်ကြီးပြီး
မင်းကြီးရဲ့ အချစ်တော်ဖြစ်မဲ့ပုံပဲ
ဘွဲ့တံဆိပ်အထပ်ထပ်နဲ့ ဆိုတော့လေ "

" မှန်ပါ့ "

စဝ်ခွန်သ ခေါင်းငြိမ့်လျှက် ပြန်ဖြေလိုက်သည်။မင်းကြီး၏ အချစ်တော်ဖြစ်သလို တိုင်းသူပြည်သားများ၏ လေးစားတန်ဖိုးထားခြင်းခံရသော အိမ်ရှေ့စံလည်းဖြစ်ခဲ့သည်။

" မြို့စားရထူးကနေ
ကိုယ်တော်နှုတ်ထွက်ပြီးရင်
သူနဲ့တွေ့ဖို့ ရတုကို ခေါ်သွားပေးမယ် "

" ခင်ဗျား တကယ်ပဲ နှုတ်ထွက်တော့မှာလား"

" အင်း "

" ကျွန်တော့်​အတွက်နဲ့လား "

" အင်း "

"...."

"မင်းကြီးနဲ့ မယ်ဘုရားရဲ့
ကျွေးကျေးဇူးတွေကို
နှစ် ၂၀ကျော်လုံး ဆပ်ခဲ့ပြီးပြီပဲ
ဒီနောက်တော့ ကိုယ်တော့်ရဲ့ရတုလေးနဲ့
အေးအေးချမ်းချမ်းပဲ နေသွားဖို့
ဆန္ဒရှိရော့တယ် "

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Nơi câu chuyện tồn tại. Hãy khám phá bây giờ