⛩️(20)𝒁𝒂𝒘𝒈𝒚𝒊⛩️

754 102 10
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း(၂၀)

ဟိုဟိုဒီဒီ လူးလာခေါက်တုံ့နေသည့် လူအများအားချန်ထားခဲ့ပြီးနောက်

"ရတု ကိုယ်တော်နဲ့အတူ မြင်းစီးပါလေ"

တိတ်ဆိတ်ခြင်းအား ခွင်းဖောက်ကာ ထွက်လာသည့် သြရှရှအသံကြောင့် ရတုမှာ တံတွေးပင် နင်သွား၏။

"ဘာဗျ!!! ဒီ..ဒီမှာ
လိုချင်တာဝယ်ပေးလို့ ကျေးဇူးတင်တာက
တင်တာပဲနော် ခန္ဓာကိုယ်နဲ့တော့
ပြန်မဆပ်နိုင်ဘူး"

လက်မောင်းလေးနှစ်ဖက်အား ပိုက်ကာ စဝ်ခွန်သ ဘေးမှ ခပ်လှမ်းလှမ်းသို့ ခုန်ရှောင်သွားပြီး
သူ့အား တစ္ဆသေရဲတစ်ကောင်လို ကြည့်လာသည်။

မိမိပြောသည့် မြင်းစီးခြင်းက သူ့အားအသားယူခြင်းနှင့် မည်သို့ ပတ်သတ်နေသည်မှန်း စဝ်ခွန်သ မသိ။
သို့သော် မေးမနေတော့ပဲ လက်ခေါက်မှုတ်ကာ သူ၏ ယိမ်းနွယ်ဝန်းကိုသာ ခေါ်လိုက်၏။

စဝ်ခွန်သ လက်ခေါက်မှုတ်သံအဆုံး မြင်းခွာသံ ခပ်သဲ့သဲ့ ကြားရပြီးနောက် လည်ဆံမွှေးတဖွှားဖွှားနှင့် အုန်းခွံရောင် မြင်းကြီးက သူတို့ထံ ပြေးလာနေသည်ကိုတွေ့လိုက်ရသည်။

ထိုအခါမှ ရတုမှာ မိမိတွေးသော မြင်းစီးခြင်းနှင့် စဝ်ခွန်သပြောသော မြင်းစီးခြင်းက မတူကြောင်း သဘောပေါက်ကာ ရှက်ရှက်ဖြင့် လက်သည်းသာ ကိုက်နေမိတော့သည်။

"လှလိုက်တာ သူ့မှာနာမည်ရှိလား ခွန်သ"

"ယိမ်းနွယ်ဝန်း တွင်ပ့"

အနောက်အရပ်မှ ဖြတ်သန်းတိုက်ခတ်လာသောလေပြေက သူတို့ကြား ဝေ့ဝဲကျီဆယ်လို့သွားပြီး တိမ်ညွှန့် တိမ်ခက် တွေကြား တရိပ်ရိပ်တက်လာသော နေဝန်းက အတန်ငယ်မြင့်လာပြီမို့ အပူရှိန်အား ခံစားလာရသည်။

"ကိုယ်တော်နဲ့ အတူ မစီးချင်သပ့ဆိုလဲ
မြင်းပေါ်က ထိုင်ပါလေ
ကိုယ်တော် အောက်ကလျှောက်ပေးပါ့မယ်"

အလျော့ပေးခြင်းဟူသော နိယာမသည် ထိုလူသားလေးထံ၌သာ တည်၏။

ရတုက မြတ်နိုးရိပ်သန်းနေသည့် မျက်ဝန်းညိုတို့ မှေးကျသွားသည်အထိ ရယ်သည်။တစ်စုံတစ်ယောက်အား ချစ်ခြင်းနှင့် တစ်စုံတစ်ယောက်ထံမှ အချစ်ခံရခြင်းက မည်သို့ကွာခြားသည်မှန်း သူနားလည်ခဲ့ပြီဖြစ်၏။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Donde viven las historias. Descúbrelo ahora