⛩️(8)𝒁𝒂𝒘𝒈𝒚𝒊⛩️

860 118 0
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း(၈)

"မကြောက်နဲ့ ကိုယ်တော်နဲ့
အတူခစားရမှာပါ"

"ကျွန်တော်က
တွေ့ရမှာကြောက်တာမဟုတ်ဘူး
ကျွန်တော်ကို ဘယ်ကလာလဲမေးရင်
ဘယ်လိုဖြေရမှန်းမသိတာ
အမှန်အတိုင်းလျောက်ရင်လဲ
မင်းကြီးက ယုံမှာမဟုတ်ဘူး
ညာရင်လဲ ကျွန်တော်က လိမ်တဲ့အမှုနဲ့
ဇက်ပြတ်ဦးမယ်"

ဘဲပေါက်လေးလို
နှုတ်ခမ်းလေး တထော်ထော်နှင့်
ပြောနေသော်လည်း ကလေးငယ်စိတ်ထဲအားငယ်နေသည်ထင်၏။မိဘမရှိ ဆွေမျိုးသားချင်းမရှိပဲ တစ်ယောက်ထဲ။

စဝ်ခွန်သပြုံးမိသည်။
အင်း..သူလဲ ထိုကဲ့သို့တစ်ယောက်ထဲ။

"စိတ်မပူနဲ့
ရတုက ကိုယ်တော်ကာကွယ်ပေးချင်တဲ့သူမို့
ဘယ်သူကမှ ထိခိုက်အောင် လုပ်ခွင့်မရနိုင်ပါလေ"

ရတု သူ့ရှေ့ကလူကြီးကိုမော့ကြည့်လိုက်သည်။စူးရှသည့် မျက်ဝန်းတွေထဲ၌ နူးညံ့မှုတွေအပြည့်အဝ။
မိမိမှာ သူကာကွယ်ချင်သော အရာဖြစ်ခွင့်ရသည့်အခါ ကြည်နူးမိသေး၏။

၂၁ ရာစုကိုတောင်မပြန်ချင်အောင် မလုပ်ပါနဲ့ ခင်ဗျားရေ...။

"အစထဲက ခမည်းတော်ကို
ရတုက အဆိပ်မိပြီး
နေရပ်ဒေသတွေ မမှတ်မိတော့ဘူးလို့
လျှောက်ထားပြီးသားပါ"

ခမည်တော်အား ပထမဆုံးလိမ်ခဲ့မိသည့် မုသားဖြူ။

"ကျွန်တော် ထီးသုံးနန်းသုံးစကားတွေလဲ
မပြောတတ်ဘူး"

သူ့အင်္ကျီစကို အလွှတ်တမ်းဆွဲထားရင်း နှုတ်ခမ်းလေးစူကာပြောနေသည့် ကလေးငယ်။

"ကိုယ်တော်ပြောတဲ့ အတိုင်းသာ
လိုက်ပြော"

"အင်း"

ရတုက ခေါင်းငြိမ့်ပြရင်း သူ့ကိုပြုံးပြလိုက်သည်။
ဆွဲထားသည့် အင်္ကျီစကိုမူ လွှတ်မပေးသေး။

"ကျွန်တော်က အခုဆို
ခင်ဗျားတစ်ယောက်ကိုပဲသိတာ
ကျွန်တော့်ကို လျစ်လျူမရှုပါနဲ့နော်"

{လုပ်ပြနေပြန်ပါပြီ
ဒီလိုသနားချင်ဖွယ်မျက်နှာလေး....
ကိုယ်တော့မှာ မောင်မင်းမျက်ဝန်းတွေကို
ခံနိုင်ရည်မရှိဘူး ရတုရေ...}

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now