⛩️(19)𝒁𝒂𝒘𝒈𝒚𝒊⛩️

711 104 0
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း(၁၉)

ဝါးရွက်တွေကြားက ထိုးထွက်လာတဲ့ နေရောင်ကို လက်ဝါးလေးနဲ့ ကာရင်း ရတုကောင်းကင်ကိုငေးမောကြည့်လိုက်သည်။

သန်မာချင်တယ်...ပြီးတော့ ကာကွယ်ပေးချင်တယ်...

ထို့ကြောင့် နောက်နေ့ကစပြီး စစ်ရေးလေ့ကျင့်ဖို့သူဆုံးဖြတ်ခဲ့ထားခဲ့သည်။ကာကွယ်မပေးနိုင်ရင်တောင် သူက အသုံးမကျတဲ့ လူတစ်ယောက်လို ဝန်ပိုတစ်ခုဖြစ်မနေချင်။

အင်းဝရောက်မှတော့ အင်းဝလိုကျင့်ရမှာပေါ့...

မနက်ခင်းဈေးသို့လာရင်း သဘောကျသည့် လက်နက်လေးများ တွေ့လေမလားဟူသည့်စိတ်ဖြင့် လျောက်ကြည့်ပြီးမှ ပိုက်ဆံအိတ်အားသတိရကာ စမ်းကြည့်မိတော့ မရှိတော့။သူ့ကိုယ်သူ စိတ်ပျက်စွာပင် သက်ပျင်းချလိုက်မိသည်။

ဒီလိုမျိုး သတိမရှိပုံနဲ့ စဝ်ခွန်သကို သူဘယ်လိုများ ကာကွယ်ရမည်နည်း။

ပြန်ဖို့ လှည့်လိုက်တော့ ရင်ခွင်ကျယ်ကြီးတစ်ခုထဲရောက်သွားပြီး သူ့နဖူးက မာကျောသည့် ကြွက်သားဆိုင်တို့နှင့် စောင့်မိသည်မို့ လက်ဖြင့်ပွတ်ကာမော့ကြည့်လိုက်မိသည်။

"သတိထားလေ"

ရင်းနှီးသည့်အသံကြောင့် သူ့မျက်လုံးလေးတွေက ကြယ်လေးတွေလိုလက်ကာ သွားစွယ်လေး ပေါ်လာသည်အထိ ပြုံးမိသွား၏။

"ခွန်သ!"

"အင်း ဘောက်မဲ့ကြောင့်
တစ်ကိုယ်ထဲ အပြင်လျှောက်သွားရသတုန်း"

စဝ်ခွန်သ မျက်နှာတည်တည်ဖြင့် ဆူလိုက်တော့ ဒေါင်းပေါက်စက နှုတ်ခမ်းမဲ့ပြသည်။

မိမိမှာ စစ်ကွင်းကပြန်လာလာချင်း ရတုကိုလာရှာပေမဲ့ မတွေ့တာမို့ ဒိပ္ပအားမေးသော်လည်း မသိဟုဆိုတာကြောင့် ရင်ပူသွားရသေးသည်။
နောက်မှာ ဈေးဘက်ထွက်သွားကြောင်း အထိန်းတော်ကြီးကလာ​လျှောက်၍ ယိမ်းနွယ်ဝန်းကို စီးကာ ဈေးသို့လိုက်လာခဲ့ရသည်။

"ကျွန်တော်ဈေးလာတာ
ပိုက်ဆံအိတ်ယူဖို့မေ့နေခဲ့တယ်သိလား "

ဒေါင်းပေါက်စက သူ့အကြောင်းသူပြောကာ သဘောတကျရယ်နေသေးသည်။ပြီးမှ သူ့ဗိုက်လေးကို ပွတ်ရင်း နှုတ်ခမ်းလေးစူကာ

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now