⛩️(64)𝑼𝒏𝒊𝒄𝒐𝒅𝒆⛩️

7.1K 773 6
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း (၆၄)

စိတ်၏တံခါးပေါက်အား တွန်းကာဖွင့်လိုက်သည်။ ခန္ဓာကိုယ်သည် ငှက်မွှေးတစ်ချောင်းနှယ် ပေါ့ပါးသွားခဲ့ပြီး အတိုင်းအဆမသိသော ဟင်းလင်းပြင်က ဆီးကာကြိုနေ၏။

ဘယ်အရပ် ဘယ်ဒေသသို့ သူရောက်ရှိလာသည်ကို စဝ်ခွန်သမသိ။

ခြေချထားရာသို့ ငုံ့ကြည့်လိုက်လျှင် မြက်ခင်းစိမ်းတို့ရှိသောမြေပြင်သည် ရောင်စုံမြေစိုက်ပန်းလေးများနှင့်တကွ လှသွေးကြွယ်နေ၏။
လိပ်ပြာလေးတို့သည်လည်း လှပသော တောင်ပံတို့ကို အသုံးပြုကာ ပန်းတစ်ပွင့်မှတစ်ပွင့်သို့ ကူးလူးနေခဲ့ပြီး ခဲပြာရောင်တိမ်များဖြင့် ခြယ်သထားသော ကောင်းကင်သည် ရှင်း၍ကြည်၏။

ရှိုက်ငိုသံသဲ့သဲ့သည် တိုးဝှေ့တိုက်ခတ်လာသော လေပြေကြား၌ မပီသစွာရောနှောပါလာသည်။ခြေလှမ်းတို့ကို အသံလာရာဘက်ဦးတည်ခဲ့မိလျှင် ငိုရှိုက်နေသံမှာ ပို၍ပို၍ပီပြင်လာသည်။

'ရတု '

အသိဉာဏ်မှ ထုတ်ပေးလိုက်သည်က နာမည်လေးတစ်ခုသာဖြစ်သော်လည်း ရင်အစုံအားနစ်မွန်းသွားစေဖို့ငှာလုံလောက်သည်။သူ့အတွက်တော့ ရတုမျက်ရည်သည် မိုးကြိုးနှင့် ဓားသွားတို့ထက် ပြင်းထန်၏။

မဖြစ်နိုင်ကောင်းဟုစိတ်တင်းမိသော်လည်း ဆန္ဒတို့မပြည့်။အရွက်စိမ်းများမမြင်ရသည်အထိ ပင်လုံးကြိုင်ပွင့်လန်းနေသော ငုဝါပင်ကြီးအောက်တွင် တွေ့လိုက်ရသော အသံရှင်သည် သူ၏ နှလုံးသားတို့ရင်းနှီးမြုပ်နှံရာ ရပ်ဝန်းလေး။

" ရတု..ရတု...
အိုကွယ်...ဘယ်လိုများဖြစ်ရော့လဲ..ဟင် "

ဒူးခေါင်းနှစ်ဖက်အား ပွေ့ပိုက်ထားရင်း ငိုနေသောကလေးငယ်အား စိုးရိပ်ကြီးစွာပွေ့လိုက်လျှင် ပြန်ရသည်က ပြင်းထန်သော တွန်အားတစ်ခု။

" ထွက်သွား "

အားသုံးကာ အတွန်းခံရသည့်အပြင် သတိထားခြင်းမရှိသည်မို့ စဝ်ခွန်သမှာ ဖင်ထိုင်လျှက်လဲကျသွား၏။မော့ကြည့်လာသော ရတုမျက်ဝန်းတို့တွင် စိတ်ပျက်နာကျင်မှုတို့အားမြင်ရ၏။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now