⛩️(24)𝒁𝒂𝒘𝒈𝒚𝒊⛩️

777 98 3
                                    


အင်းဝခေတ်က ကညာပျို
အပိုင်း(၂၄)

လင်းကြက်တွန်သံကြားပြီးနောက် မပွင့်ချင်နေသော မျက်ဝန်းတို့အား ပွတ်သတ်ကာ ရတုထိုင်လိုက်သည်။အနာဂတ်ခင်ပွန်းသည်လေးက စစ်ရေးလေ့ကျင့်နေချိန်၌ မိမိမှာ အိပ်နေ၍မသင့်တော်။အထူးသဖြင့် ထိုလူသား၏ ဒိုင်းကာတစ်ခုဖြစ်ချင်သည်မို့ ထူထဲကာ မာကျောလာဖို့ ကိုယ့်ကိုကိုယ် ဖိအားပေးရန်လိုသည်။

"အရှင်"

ချိုသာနူးညံ့သည့် အသံလေးကြောင့် လှည့်ကြည့်မိတော့ ဒူးခေါင်းအထိဖုံးသည့် ဘောင်းဘီနှင့် ပုဆိုးအား ခါးထောင်းကျိုက်ထားကာ အဿဝဏီ လေးတော်အား ကျောကထက်လွယ်၍ ရပ်နေသည့် ကလေးငယ်။

"အိပ်ရေးမှ ဝ,လေရဲ့လား ရတုရယ်"

"ဝ,ပါတယ်ဗျ"

စိုးရိမ်စိတ်ဖြင့်မေးတော့ အပြုံးကလေးဖြင့် ပြန်ဖြေလာသည်။

"လာပါလေ ကိုယ်တော်နဲ့
လေးပစ်ကွင်း သွားကြစို့"

"မှန်ပါ"

စစ်သည်တော်များရှေ့မို့ ကလေးငယ်က ရိုကျိုးစွာပြောနေခြင်းအား စဝ်ခွန်သ သဘောမတွေ့။ထို့ကြောင့် မနေ့ကမှ နရကျော်သူအား ပြင်ဆင်ခိုင်းထားသည့် ကွင်းအသစ်ဆီ ခေါ်ဆောင်လာခဲ့၏။

2ဧက နီးပါးကျယ်ပြန့်ကာ ချောပြောင်နေသည့် မြေပြင်၌ လက်နက်မျိုးစုံနှင့် ပစ်မှတ်များက နေရာတကျ ရှိလို့နေသည်။ ခပ်ဝေးဝေးနေရာတွင်တော့ စုပုံထားသည့် သစ်သားပုံကြီးက မနည်း။

ကြည့်နေရင်း ထိုနေရာမှာ မိမိစရောက်ချိန်က နန်းဆောင်တစ်ခုအဖြစ် ရှိသေးသည်ဟု ဇဝေဇဝါဖြစ်လာမိ၏။

"ခွန်သ...ဒီနေရာကလေ
အရင်က နန်းဆောင်တစ်ခုလားလို့"

"ဟုတ်သပ့ ...ကိုယ်တော်ဖျက်လိုက်တာ"

"ဖျက် လိုက် တာ ! "

မျက်လုံးပြူးကလေး အံ့သြတကြီးမေးလာသည့် ကောင်လေအား ခါးမှဆွဲယူကွာ မိမိကိုယ်နှင့် ကပ်ထားလိုက်ရင်း-

"အသုံးမဝင်တဲ့ နန်းဆောင်ပါလေ
ခမည်းတော်လက်ထက်ကဆို
ကိုယ်လုပ်တော်ဆောင် ခေါ်သပေါ့
ကိုယ်တော်ရောက်လာတော့ ဒီနန်းဆောင်က
အခွံကြီးဖြစ်သွားတာပဲ"

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now