⛩️(29)𝑼𝒏𝒊𝒄𝒐𝒅𝒆⛩️

12.1K 1.1K 167
                                    

Book ver
~~~~~~~

အပိုင်း(၂၉)

ဟံသာဝတီ လှေဆိပ်.....။

ပြာလွင်ကြည်စင်သောမိုးသားပြင်နှင့် ပန်းဖျော့ရောင်တိမ်စိုင်ကလေးများအားနောက်ခံထားလျှက် စုလစ်မွန်းချွန်းတို့ဖြင့် ရွှေရောင်လဲ့နေသော ဟံသာဝတီနန်းတော်ကြီးမှာ မြစ်ကပ်ဆိပ်မှ လှမ်းကြည့်လျှင် ခပ်ပြပြသာမြင်ရ၏။

ဧရာရွှေနဒီသည်လည်း လူတို့၏အသက်သွေးကြောတစ်ခုဖြစ်ကာ ကုန်သည်များ၊ ငါးဖမ်းလှေများ ဖြင့်နေရောင်အောက်၌ လှုပ်ရှားအသက်ဝင်လျှက် တစ်နေ့တာ တာဝန်ကို ထမ်းဆောင်နေသည်။

စစ်မက်ရေးရာငြိမ်းချမ်းချိန်ကာလမို့ ပုံမှန်ထက်ပို၍ စည်ကားသည်။သူတို့သုံးယောက်မှာ မထင်မရှားပုံစံဖြင့် ခပ်နွမ်းနွမ်းသာ ဝတ်လာသော်လည်း ရတု၏ဖြူနုသောအသားအရည်နှင့် တင့်တယ်သောရုပ်သွင်မှာ အဝတ်နွမ်းတို့ကြားထဲ၌ပင် ထင်ပေါ်နေသေးသည်။

"အစ်ကိုတို့ ကျွန်တော့်မျက်နှာကို
ရွံ့လိမ်းသင့်ပြီလား "

" အိုးမည်းဆို ပိုမကောင်းပေဘူးလား "

"ဟော့ဟိုနားက အကြော်တဲပဲ
ညီငယ့်ဆန္ဒကို ဖြည့်ဆည်းနိုင်မယ် ထင်ပ"

ရတုက ရယ်သွေးကာ​ဆိုလျှင် ရဲဒိပ္ပနှင့် ဗညားအဲက ပြန်၍ စနောက်လာသည်။

ဤခရီးမှာ စဝ်ခွန်သ မသိအောင် ခိုးထွက်လာခဲ့ခြင်းဖြစ်သည်။ထွက်လာရန်လဲ မလွယ်ခဲ့။အနောက်တံခါးမှ ခိုးထွက်သော်ငြား အပေါက်ဝ၌ တပ်မှူး နရကျော်သူ နှင့် တည့်တည့်တိုးပြီး အရှင့်အားသွားမေးပါမည်လုပ်၍ မနည်းဆွဲရသေးသည်။

ထို့အပြင် ဘယ်အချိန်ကမိမိတို့နောက် လိုက်လာမှန်းမသိသောရဲဒိပ္ပကသူပါမှသွားရမည်ဆိုတာကြောင့် ရတုမှာ နားလည်အောင် ရှင်းပြရပြန်သည်။

အာခေါင်ခြောက်ကာ ဖက်ဖက်မောသွားသော်လည်း"ကိုယ်တော့် ရတုလေးရဲ့ " ဆိုပြီး ရေတိုက် ချွေးသုတ်ပေးမည့် ခွန်သက အနားတွင်မရှိ။

နောက်ဆုံး မိမိကသွားလိုသူမို့ အလျော့ပေးကာ ရဲဒိပ္ပအားခေါ်လာခဲ့ရ၏။ရဲဒိပ္ပ ပါတော့မှ တပ်မှုးနရကျော်သူမှာ

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now