အင်းဝခေတ်က ကညာပျို
အပိုင်း ( ၇၅ )စိုထိုင်းသောလေထုသည် အသက်မဲ့စွာအေးစက်စက်ဖြင့်။သွေးညှီနံ့တို့လှိုင်လှိုင်ထကာ အနံ့အသက်ဆိုးတို့ဖုံးလွှမ်းနေသော ညသည်ကား စိတ်ချမ်းမြေ့ဖွယ်မရှိ။
" မမလေးဘုရား...
ဦးဓူရတို့ဘက်ကလည်း
အခြေအနေမဟန်...မဟန်တော့ပ ဘုရား "အမောတကောဆိုလာသောရဲမက်သည် ဒရောသောပါးဖြင့်။
" ဘယ်လိုဖြစ်ရသလဲ
စဝ်ခွန်သ တစ်ယောက်လေးကိုတောင်
သင်းက မထိန်းနိုင်ဘူးတဲ့လား "အေးစက်မာကျောသောအသံအနေထားကြောင့် လျှောက်တင်လာသည့် ရဲမက်မှာ ခေါင်းမဖော်ရဲ။
" မှန်...မှန်ပါ့
အရင် အိမ်ရှေ့စံရောက်တော်မူလာလို့ပါ "" ဘာရယ်...."
အံ့သြမှု့မှတစ်ဆင့် မျက်မှောင်တစ်ချက် တွန့်ချိုးသွားသည်။အရင်အိမ်ရှေ့စံနတ်ရွာလားခဲ့သည်မှာ မည်မျှကြာခဲ့ပြီကိုတောင် မမှတ်မိ။သေချာသည်က အားလုံးရှေ့တွင် စဝ်ခွန်သကိုယ်တိုင် သတ်ခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်များ....
" သေချာရဲ့လား "
" ကျွန်တော်မျိုးကိုယ်တိုင်မြင်ခဲ့တာပ မမလေး
ရွှေရောင်မျက်လုံးတွေနဲ့လူက
သူကလွဲလို့ နှစ်ယောက်မရှိနိုင်ပ ""...."
ငြိမ်သက်နေသောလေထုနှင့်အတူ ရှင်ယွန်းခပါ ခဏမျှတိတ်ဆိတ်သွားသည်။ရွေးချယ်စရာအများအပြားမကျန်မရှိ။မြောက်နန်းစံဒေဝီပေးလိုက်သော သစ်ကနက်သားဖြင့်စီရင် ထားသည့် အနက်ရောင်ကြောင်ရုပ်အားလက်ဖဝါးပေါ်တင်ရင်း နှုတ်မှတစ်စုံတစ်ခုအား ခပ်တိုးတိုးရွတ်ဆို၏။
စိတ်ပိုင်းဖြတ်ထားသည်။အဆုံးသတ်အထိတိုက်မည်။ရွေးချယ်စမရှိသလိုထောက်ထားငဲ့ကွက်ပေးစရာ တစ်စုံတစ်ရာမျှလည်းမရှိ။
ဦးဓူရအားရှင်းနိုင်လိုက်လျှင်တောင် နန်းတော်တစ်ခွင်လုံးပျံ့ကြဲနေသော မိဂသီစစ်တပ်အားမည်သို့ ထိန်းနိုင်ပါအံ့နည်း။အနောက်ဆောင်တော်များမှစ၍ မြောက်စမုတ်ဆောင်၊စေတဝန်ဆောင်နှင့် မြေနန်းဆောင်များအထိပါမကျန်ပျံ့ကြဲနေသော မိဂသီများအားကြည့်ရင်း ရတုစိတ်ပျက်သွားသည်။ဘယ်နေရာကအရင်စရှင်းရမည်ကိုမသိ။ဘယ်နေရာကစစ သူမထိန်းချုပ်နိုင်သည်မှာ သိသာထင်ရှားသည်။
BẠN ĐANG ĐỌC
အင်းဝခေတ်က ကညာပျို ♡. 🍵 [ COMPLETE ]
Tiểu thuyết Lịch sử⛩️စိမ်းမြရောင်စို ၊ လွမ်းတောင်ညိုဧရာကမ်းဘေး ၊ ငုဝါပျိုယှဥ်ကာနှိုင်းနဲ့ ၊ ရိုင်းပါရဲ့သေး...🍃🌳 Start Date - 25 . 09 . 2021 End Date - 25 . 12 . 2022 Cover artist - Myat Thiri San #အင်းဝခေတ်