⛩️(71)𝑼𝒏𝒊𝒄𝒐𝒅𝒆⛩️

6.7K 699 17
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း (၇၁)

အချုပ်ခန်းနံရံအား ပျင်းရိလေးတွဲစွာမှီရင်း စဝ်ခွန်သ ထိုင်နေ၏။ပိတ်၍ထားသော မျက်ဝန်းအစုံသည် ဘေးပတ်ဝန်းကျင်အား မြင်လိုစိတ်မရှိစွာဖြင့်။

မီးအလင်းရောင်ကောင်းစွာမရှိသည်မို့ တစ်ဦးနှင့်တစ်ဦးကောင်းစွာမြင်နိုင်ရန်ခဲယဥ်း၏။သို့သော် စဝ်ခွန်သအတွက်မူ မခက်ခဲပေ။နံရံများအား ဖောက်ထွင်း၍ တစ်ဖက်ရှိအခြေအနေများကိုပင် ရှင်းလင်းစွာမြင်နိုင်၏။

ညှင်းပန်းနှိပ်စက်မှု့များမှလာသော အသံတို့ကို လျစ်လျူရှု့ကာ အမိုးစွန်းမှတစ်ဆင့် မြေပြင်သို့ ကျဆင်းသွားသည့် နှင်းစက်သံလေးများကိုသာ နားဆင်နေလိုက်သည်။

မိဂသီတို့သည် အသံခွဲခြားခြင်း ၊ အမြင်ခွဲခြားခြင်းတို့သာမက စိတ်ခွဲခြားခြင်းတို့၌ ကျွမ်းကျင်လှ၏။မိုင်ထောင်ချီမှလာသော အသံအား ရှင်းလင်းစွာ ကြားနိုင်သကဲ့သို့ ပဲတစ်ပြည်ကြားမှ နှမ်းတစ်စေ့ကိုလည်း မြင်နိုင်သည်။

လူသားတစ်ဦး၏ မျက်လုံးအားစိုက်ကြည့်ရုံဖြင့် ထိုသူ့အတွင်းစိတ်၏ ကောင်းခြင်း သို့မဟုတ် မကောင်းခြင်းများအား သီးသန့်ခွဲထုတ်နိုင်သေး၏။

တဖျောက်ဖျောက်ဖြင့်ကျနေသော ဆီးနှင်းသံများမှာ ပျင်းစရာကောင်းလွန်းသဖြင့် အသံ၏ လားရာအားပြောင်းလိုက်သည်။

ငြင်သာသော အသက်ရှုသံလေးတစ်ခု...။

အခြားသော ပြင်ပအသံများအား ဖယ်ထုတ်ကာ နှစ်ခြိုက်စွာအိပ်မောကျနေသော ရတု၏ အသက်ရှုသံလေးကိုသာ နားစိုက်ထောင်ဖြစ်သည်။အမြင်ခွဲခြားရန် မျက်လုံးဖွင့်လိုက်သော်လည်း ဟင်းလင်းပြင်ကိုသာမြင်ရ၏။

ကျောက်ဖြူနန်းတော်၏ အကာအကွယ်မန္တာန်များမှာ ရတုအား သူမမြင်အောင် ကာဆီးထားခြင်းဖြစ်နိုင်၏။မမြင်ရလျှင်တောင် ရတု၏ အသက်ရှုသံလေးကပင် သူ၏ စိတ်အစဥ်အား ငြိမ်သက်အေးချမ်းအောင် စွမ်းဆောင်နိုင်ပြန်သည်။

" အရှင် "

ဗညားအဲသည် စဝ်ခွန်သ၏ ပုခုံးအား လှုပ်၍ခေါ်လိုက်၏။ခေါ်နေသည်မှာ သုံးခွန်းမြောက်ရှိသည်တိုင် စဝ်ခွန်သမှာ ကြားဟန်မရသေး။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Donde viven las historias. Descúbrelo ahora