⛩️(17)𝑼𝒏𝒊𝒄𝒐𝒅𝒆⛩️

14.2K 1.2K 15
                                    

Book ver
~~~

အပိုင်း (၁၇)

ပြန်ရောက်လျှင် ရာမညသားအတွက်
လိုအပ်သည့် ဆေးဝါးများ ပြင်ဆင်ပေးရန်
ရဲဒိပ္ပအား ညွှန်ကြားလိုက်ပြီး အဆောင်တော်သို့ စဝ်ခွန်သ ပြန်လာခဲ့သည်။

ဒေါင်းပေါက်စလေးအားတွေ့ချင်စိတ်မှာ သူ့အသိဉာဏ်အတွင်းစိုးမိုးနေ၏။သညိအချိန်မျိုးတွင် ဘာများလုပ်နေမလဲကအစ သိချင်မိသည်။

" မြို့စားမင်းပြန်ကြွလာပါပြီ အစ်ကိုငယ်လေး "

စောမောက်၏ ခေါ်သံကြောင့်ရတုကအပြေးလေးထွက်လာသည်။ရေကြည်တော်ဆက်အစေခံထံမှ ရေခွက်အားယူခဲ့ရန်လည်းမမေ့။

" ပြန်ကြ ကိုယ်တော်အခေါ်မရှိပဲ မလာလေနဲ့ "

စဝ်ခွန်သ၏ အမိန့်သံအဆုံး အစေခံတို့ အလျှိုအလျှိုထွက်ခွာသွားကြသည်။ကြီးမားလှသော နန်းဆောင်တော်အတွင်း ရတုနှင်သူ နှစ်ယောက်တည်း။

" ရေသောက်ဦး "

ရတုကမ်းပေးသော ရေခွက်အားလှမ်းယူရင်း သလွန်ခြေရင်းထက်၌ ဝင်ထိုင်လိုက်၏။ခေါ်လာသူနှင့်ပတ်သတ်၍ တစ်ခုခုများမေးမလားစောင့်ကြည့်မိသော်လည်း ရတုကမေးမြန်းလာခြင်းမရှိ။မသက်ဆိုင်သော ကိစ္စတစ်ခုနှယ် စိတ်ဝင်စားခြင်းလည်းရှိမနေ။

ရေခွက်အား ဘေးသို့ချကာ ဝတ်တင်ထားသော အဆင်တန်ဆာတို့ကိုချွတ်ရသည်။ရတုသည် သူ့အား ဝိုင်ကူချွတ်ပေးလာ၏။ထို့နောက် ပေါ့ပေါ့ပါးပါးရှိသော ချည်သားအင်္ကျီတစ်ထည်ယူပေးလာသည်။

အလိုက်တသိရှိတတ်ပုံလေးကြောင့် ခိုးပြုံးရသေး၏။ခက်ချေပါပြီ။ထိုကောင်လေးသည် သူ့နှလုံးသားနယ်မြေအား တစ်ကန့်ပြီးတစ်ကန့်သိမ်းပိုက်နေပြန်ပါ၏။

" ကိုယ်တော့်အနား လာထိုင်ပ "

ရတုသည် အနားသို့ လာထိုင်ရင်းသူ့အားကြည့်လာ၏။မျက်ဝန်းကြည်ကြည်ကလေးများအတွင်း ဘာပြောစရာရှိလို့လဲဟူသောအမေးစကားတို့ပါသည်။

မျက်ဝန်းညိုများအောက်မှ မှဲ့နက်လေးကလှပလွန်း၏။တစိမ့်စိမ့်ကြည့်လေ ရှု့မဝလေဖြစ်ရသည်။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now