⛩️(36)𝑼𝒏𝒊𝒄𝒐𝒅𝒆⛩️

10.4K 1.1K 144
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း (၃၆)

လခြမ်းကွေးလေးက ကောင်းကင်ထက်၌ ပြုံးပြုံးလေး ချတ်ဆွဲလို့နေသည်။

"ညီငယ် မြှားမပစ်တာကြာရော့လားလို့ "

ဓားရေးသာ အာရုံစိုက်နေသောသူ့အား ဗညားအဲက သတိပေးလာ၏။

"ဟုတ်သား ကျွန်တော့်ရဲ့ အဿဝဏီက
အဆောင်ထဲ ကျန်ခဲ့တာ
အစ်ကိုသွားယူပေးပါလား "

"ကောင်းပြီ ဘယ်မှ မသွားလေနဲ့ "

ရတုက ခေါင်းငြိမ့်ပြသည်။ဗညားအဲက မသွားခင်ထပ်၍မှာသေး၏ ။

"ကျုပ်မလာခင် ဘယ်မှမသွားနဲ့နော်...ညီငယ် "

"အိုက်ယား သိပါပြီ
တကယ်ပဲ ကျွန်တော်အသက်၂၀ကျော်လို့
ရည်းစားတောင်ရှိနေပြီကို
ဘာတွေ စိတ်မချနေလဲ "

ရတုက မကျေမနပ်ဖြင့်ပြောလိုက်သည်။
ဘာအကြောင်းရှိနေမှန်းမသိသော်လည်း ရာမညသားက အတော်လေးထူးဆန်းနေ၏။

ဗညားအဲ ထွက်သွားလျှင် အနားယူရန်ထိုင်မိပြီးမှ
မျက်ဝန်းထောင့်၌ ပုံရိပ်တစ်ခုအားဖျတ်ခနဲတွေ့လိုက်သည်။မိမိနှင့်အကြည့်ချင်းဆုံသွားသည့်အခါ ထိုပုံရိပ်က လှည့်ပြေး၏။အချိန်ဆွဲမနေနိုင်တော့ ဓားအားဆွဲယူကာ ထိုလူနောက်သို့ ထပ်ကြပ်မခွာလိုက်ရသည်။

ဗညားအဲမှာထားသောစကားအား သူလုံးဝမေ့သွားပြီဖြစ်၏။

အမည်မသိလူက အရှေ့ဘက်မြို့တံခါးဆီသို့ဦးတည်နေ၏။ကင်းလှည့်ချိန်မဟုတ်၍ အစောင့်ကအတော်လေးရှင်းသည်။မြို့တံခါးသို့ရောက်လျှင် တံခါးက ပွင့်နှင့်ပြီးသားဖြစ်၏။တံခါးမှုးတော့ သစ္စာဖောက်ချေပြီ။

ပြေးသောသူအားလိုက်နေ ရင်း တံခါးမှုးနှစ်ယောက်၏မျက်နှာမှာ အတော်လေးစိမ်းသည်ဟုတွေးမိသေး၏။သို့သော်လည်း မသေချာပဲ ဇဝေဇဝါဖြစ်နေရုံသာ။

ထိုလူကဆက်တိုက်ပြေးသည်။တောကလည်းတဖြည်းဖြည်းချင်းနက်လာ၏။သစ်ရွက်ခြောက်တို့အားနင်းဖြတ်လိုက်လျှင် ခြေထောက်က ၂တောင်ခန့်ရှိသော တုတ်အား ခလုတ်တိုက်မိသည်။တိုက်မိသွားသောတုတ်အား ခြေဖျားဖြင့်ခတ်တင်ကာ လက်ကဖမ်းယူရင်း ပြေးနေသူ၏ ဒူးကောက်ကွေးဆီ ပစ်လွတ်လိုက်၏။

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Where stories live. Discover now