⛩️(2)𝒁𝒂𝒘𝒈𝒚𝒊⛩️

1.2K 146 2
                                    

အင်းဝခေတ်က ကညာပျို
အပိုင်း (၂)

သဘောတူညီမှုထားရှိပြီးနောက် မျက်နှာစိမ်းလုပ်ကြံသူလေးဦးမှာ သူ့အားကြိုးဖြေပေး၏။ကြိုးပြေသွားလျှင် ရတုက နာနေသည့်
လက်မောင်းလေး နှစ်ဖက်ကို ပွတ်လိုက်သည် ။
ဖြူနုသော အသားအရည်၌ အနီရောင်ကြိုးရာက အထင်းသား။

မျက်နှာစိမ်းလေးဦးသည် သူ့အား အသင့်ပါလာသည့် လှည်းပေါ်သို့တင်လိုက်ကာ တစ်ဦးက လှည်းမောင်း၍ ကျန် ၃ဦးက သူနှင့်အတူ လှည်းပေါ်ထိုင်လိုက်လာ၏။

"ဒါနဲ့လေ မြို့စားမင်းကို
လုပ်ကြံတာက ဘာလို့
ဒီလိုလုပ္မျွဖစ္တာလဲ"

"မသိသင့္တာကို
မမေးလေနဲ့"

အဟောက်ခံလိုက်ရသဖြင့် ရတု ဘာစကားမှထပ်မပြောတော့။

မြင်းနှစ်ကောင်ဆွဲသော လှည်းကလေးသည်ကား လေဟုန်ခွင်းသော မြားတစ်စင်းကဲ့သို့ အပြင်းနှင်နေသည်။ စိမ်းစိုအုံးမှိုင်းသော ပင်ပျိုပင်အိုတို့အား နောက်၌ချန်ခဲ့ကာ အင်းဝနန်းမြို့ရိုးဆီသို့ ဦးတည်ပြေးသည်။

ကွမ်းတစ်ရာညက်ခန့်ကြာသည့်အခါ အင်းဝ နန်းမြို့ရိုးအား ခပ်ပြပြမြင်လာရ၏။

"ဟေ့ ဘယ်သူတွေလဲ ရပ်စမ်း "

တံခါးမှူး၏ ခပ်မာမာအော်သံအောက်၌ မြင်းလှည်းလေးကား ရပ်တန့်သွားရင်း မြင်းလှည်းသမားသည်လည်း အောက်သို့ဆင်းလိုက်ရင်း-

"ကိုရင်သာဝ ကျုပ်ပါ "

"ငချစ်ဆောင် မင့်က ကညာပို့ရမှာမဟုတ်လား
ဘယ့်နှယ့် မြို့ပြင်ရောက်တာတုန်း "

"မေးမနေနဲ့ ကိုရင်သာဝ ရော့...ဒါကိုယူ "

ငချစ်ဆောင်က ခါးကြားရှိ ဒင်္ဂါးအိတ်အားဖြုတ်ယူကာ တံခါးစောင့်အား လာဘ်ထိုးသည်။

"ဘာသဘောလဲ ငချစ်ဆောင်
ကျုပ်ကို ဘာများထင်နေလဲ "

သိက္ခာစော်ကားခံရသဖြင့် တံခါးမှူးအသံက မာထန်သွားလျှင် အနားရှိရဲမက်နှစ်ယောက်သည်လည်လည်း ငချစ်ဆောင်လည်မြိုအား လှံရှည်ဖြင့် တေ့လိုက်သည်။

ငချစ်ဆောင်ကား မမှူ။ ခပ်မဲ့မဲ့ပင်ပြုံးလိုက်သေး၏။

"အဟင်း ကိုသာဝ ကျုပ်အထင်
ခင်ဗျားမိန်းမက နေ့စေ့လစေ့ကြီးထင်ပ "

အင်းဝခေတ်က ကညာပျို  ♡. 🍵 [ COMPLETE ]Où les histoires vivent. Découvrez maintenant