OUaU ~ 1

677 34 1
                                    

ကျွန်တော် အသက် ၁၀ နှစ်အရွယ်မှာ  နေရာအသစ်ကို ပြောင်းခဲ့ရပြီးတော့ ဘဝအသစ်စခဲ့ရသည်။

အဲ့နေ့က မေမေ သူငယ်ချင်းအိမ်ကို အလည်ဆိုပြီး ရောက်သွားခဲ့သည်။ အဲ့နေ့က မေမေနဲ့ နောက်ဆုံးတွေ့ရမဲ့ နေ့ဆိုတာ သိခဲ့ရင် ကျွန်တော်မသွားခဲ့လောက်ဘူး ထင်ပါသည်။

မေမေ့ သူငယ်ချင်း ဆိုသူ နဲ့ မေမေ ကစကားပြောနေကြပြီး ကျွန်တော်ကိုတော့ တနေရာမှာ ဆော့ခိုင်းထားသည်။

ကျွန်တော် ဆော့နေတုန်းမှာပဲ အနားကို ရောက်လာတဲ့ ကောင်လေးတစ်ယောက်။

"အာညော်"

"အာညော်"

"မင်း နာမည်ဘယ်လိုခေါ်လဲ ငါ့နာမည်ကKim Doyoung လို့ခေါ်တယ်"

"Kim Jungwoo လို့ခေါ်ပါတယ်"

"အော်...ဒီမှာ နေမဲ့တလျှောက်လုံး ငါ့ကို အများကြီး အားကိုးရမှာ မလို့ အခုတည်းက ခင်ထားရအောင်"

"ဒီမှာ မနေပါဘူး ကျွန်တော့်မှာ အိမ်ရှိတယ်"

"မဟုတ်ပါဘူး...မင်းက ငါတို့နဲ့ နေရတော့မှာ မယုံရင် မင်း မေမေကိုသွားမေးကြည့်"

"မေမေ....မေမေ"

ကျွန်တော် အပြေးသွားပြီးတော့ မေးလိုက်သည်။

"သားတို့ ဒီမှာနေရမှာဆို ဟုတ်လား"

"ဟင်...အင်း ဟုတ်တယ် သားရဲ့  ဘာလဲ သားက မပျော်ဘူးလား"

"ဟင့်အင်း....သား အိမ်ပဲ ပြန်ချင်တယ်"

"သားက လိမ္မာပါတယ်... မေမေနဲ့ တူတူ နေရမှာပဲ "

"တစ်ယောက်တည်း မနေရဘူးမလား"

"မနေရပါဘူး မေမေ ရှိတယ် ဟုတ်ပြီလား"

"အင်း...မေမေရှိမယ်ဆိုတော့ စိတ်အေးသွားပြီ သွားဆော့တော့မယ်"

"သွားသွား ကိုကို နဲ့သွားဆော့ချည်"

ဆော့ဖို့ နောက်တခေါက်ပြန်သွားပြီးတော့ ခဏနေတော့ ခုနက အကိုရဲ့ အခန်းထဲကို လိုက်ဆော့သေးသည်။

"အကို Doyoung ဒါလေး ဆော့လို့ရလား"

"အင်း ရတယ်...အကို Doyoung လို့ခေါ်ရတာ မထောက်ဘူးလား ဒီတိုင်း ကိုကိုလို့ပဲ ခေါ် "

Once Upon an Us Where stories live. Discover now