( 2 )

1.6K 120 1
                                    

Unicode

" Kim!  ! ဒီမှာ အနွေးထည် ယူသွား "

Ji က သူဝတ်ထားတဲ့ အနွေးထည်မထူမပါးကို ချွတ်ကာလှမ်းပစ်ပေးသည်

အသာ ဖမ်းယူပြီး အနံ့ခံကြည့်တော့

" ငါက ချွေးထွက်ရင်တောင် အနံ့နံတဲ့ ကောင်မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့ Kim "

" Ok.. ငါပြန်မလျော်ပေးဘူးနော် မင်းပေးတာ မင်းစိတ်နဲ့မင်းနော် Ji "

မေးငေါ့ပြလိုက်တော့ မျက်ခုံးပြန်ပင့်ပြတဲ့ Kim က ခေသူတော့မဟုတ်

အနွေးထည်ကို ပခုံးပေါ်တင်ကာ ထွက်သွားတော့သည်

" Kim မင်းမို့လို့နော် "

Dorm ကနေ လမ်းတစ်ဖက်က ကုန်းကျော်တံတားအောက် ယောင်လည်လည်နဲ့ စောင့်နေလိုက်သည်..

ဘယ်သွားသွားတပ်ထားရတဲ့ mask ကြီးက တစ်ကယ်ကို စိတ်ကုန်စရာ..

ဖုန်းထဲကနေ စက္ကန့်နဲ့အမျှ ဝင်နေတဲ့ စာတွေ

ငါ့ရဲ့ Kim လေး ဘယ်ရောက်ပြီးလဲ 📩

သူငယ်ချင်းက လာခေါ်ပြီလား 📩

ဒီသူငယ်ချင်းနဲ့ကော မ date ချင်ဘူးလား 📩

ငါတို့က ငယ်ကျွမ်းဆွေဘဲဟာ 📩

နေ့တိုင်း date ဆိုလည်း ရတယ်နော် 📩

မင်းစိတ်ဝင်စားရင်ပြောတာ 📩

" ကျစ်!  !  ငါ့ကို လာနောက်နေတာလား Ji "

" မနောက်ဘူး!  ! ငါပြောတာ အမှန်တရားတွေဘဲလေ ငါတို့က ငယ် ကျွမ်း ဆွေ တွေဘဲဟာ "

ဖုန်းခေါ်တော့ ချက်ချင်းကိုင်သည့် Ji

" ဒါဆို မင်းက ငါ့ကိုအရင်ကြိုက်တာဘဲနေမှာ.. ဟုတ်တယ်နော် Ji "

" ဒါပေါ့!  ! ဒါပေါ့ ငါက ငါ့ပန်းရောင်လေးကို အရင်ကြိုက်တာ "

" Ha!  Ha!  သူ့ခဗျာ ငါ့ကိုမတရားကြိုက်နေရှာတာ!  ဒါဘဲ Ji ငါ့ရဲ့ BoyFriend ကြီး Bye "

ဖုန်းချပြီး တံတားတိုင်လုံးအကြီးကြီးမှာ ကပ်ပြီး ရပ်နေလိုက်သည်

အနည်းငယ်မှောင်နေတဲ့ နေရာမို့ ဘယ်သူမှ တွေ့မည်မထင်

လာကြိုမဲ့ သူငယ်ချင်းနဲ့ မတွေ့ခင် Fan တွေနဲ့ တွေ့သွားလို့ကမဖြစ်ချေ

" Gold & Pink & Kim " [ Completed ] Where stories live. Discover now