Unicode
ဒုန်း 💢
" တပ်ပြန်ဆုတ်မယ်! ! "
တစ်ဖက်ကအမြှောက်ဖြင့် ပစ်ခက်လိုက်တဲ့အတွက်ကြောင့် Jungkook တို့ဘက်ကအသည်းအသန်တပ်ပြန်ဆုတ်ရသည်. ရက်ရှည်နေပြီဖြစ်တဲ့ဒီစစ်မြေပြင်ဟာလည်းမွစာကြဲကာပျက်ဆီးယိုယွင်းနေသလိုနေ့မအိပ်ညမအိပ်နဲ့တိုက်ပွဲဝင်နေရတဲ့တပ်သားတွေလည်း အတော်ကိုပန်းနေကြပြီးဖြစ်သည်.. ဒါ့အပြင် Jungkook အပါအဝင်နောက်ထပ်အဖွဲ့တွေပါ ပါဝင်အားဖြည့်ထားပေမဲ့ ရက်ရှည်ကြာနေတဲ့စစ်ပွဲကအ
ဆုံးမသတ်နိုင်သေးပေ.. သူတို့လိုချင်သည်မှာ ကျယ်ပြန့်လာမဲ့စစ်ပွဲမဟုတ်ဘဲ ဒီသေးငယ်တဲ့စစ်ပွဲကိုသာအဆုံးသတ်ပြီး တရားဝင်စည်းမျည်းတွေကိုမကျော်ဖြတ်ဖို့.. တောင်ဘက်ကမည်သည့်အရာကိုမှမထိခိုက်စေဖို့ ဒါကိုပင်သူတို့လိုချင်သည့်အရာဖြစ်သည်..အခုအခြေအနေက ဟိုဘက်ဒီဘက် အထက်အစိုးရတွေကလည်း နှစ်ဖက်စလုံး သူ့မလျော့ ကိုယ်မလျော့အခြေအနေဖြစ်နေတော့စစ်ပွဲဟာအဆုံးမသတ်နိုင်တာဖြစ်သည်.." ဒီအတိုင်းဆက်သွားလို့တော့မဖြစ်တော့ဘူး !!"
" သူတို့ဘက်ကတမင်ကိုရန်စခဲ့တာဘဲ! ! သူတို့ဘက်ကရပ်ပေးဖို့မရှိဘူး! "
Jungkook ပြောတော့ David ကလည်းသဘောတရားကိုပြန်ပြောပြသည်..
" ဒီတစ်ခါ စစ်ကြောင်းကိုအစီအစဥ်ပြန်ဆွဲပြီးစစ်ပြေငြိမ်းချမ်းရေးစာချုပ် နဲ့ ပါထည့်သွင်းချိတ်ဆက်ရမယ် ! ! "
ထို့နောက် Jungkook တို့ညတွင်းချင်းအစီအစဥ်ပြန်ဆွဲကာ ဗိုလ်ချုပ်ဆီသို့အစီရင်ခံစာပို့ရသည်. ထိုမှသာ နောက်အစည်းအဝေးမှာ တင်ပြပြီး အမိန့်ချတာနဲ့ သူတို့ဘက်ကစစ်ဆင်းရေးစလို့ရမှာဖြစ်သည်..
အခုအသစ်ပြောင်းထားတဲ့စစ်ဆင်ရေးမှာ လေကြောင်းတိုက်ခိုက်မှုမပါရဘဲ ညီမျှစွာ မြေပြင်တိုက်ခိုက်မှုသာဆင်နွှဲရန်.. စစ်တပ်အင်အားအညီအမျှအသုံးပြုရန်နှင့် စည်းမျဥ်းတွေကိုလိုက်နာစောင့်ထိန်းပေးရန်ဖြစ်သည်.. တောင်ဘက်ကတိုက်ပွဲနိုင်ခဲ့ပါက စာချုပ်ပါအတိုင်း မြောက်ပိုင်းဘက် စစ်ပြေငြိမ်းချမ်းရေးအပြင် စစ်အေးတိုက်ပွဲဖြစ်စေမည့်ပရိပခများကိုပါရှောင်ရှားပေးရမည်ဖြစ်သည်.. ပရိပခဖြစ်စေမဲ့ ဘယ်လိုကိစ္စမျိုးနဲ့မှ တောင်ဘက်ကိုလာရောက်ပက်သက်ထိခိုက်ခွင့်မပြုရန်ဖြစ်သည်..တောင်ဘက်အစိုးရများကလည်း သူတို့ဘက်ကမမှားသည့်ကိစ္စအတွက်ကျေအေးမပေးနိုင်တာသဘာဝကျပေမဲ့ မြောက်ပိုင်းကအကြောတင်းနေတာခက်သည်.. ထို့နောက် စစ်ကြောင်းအတိုင်း စစ်ဆင်းရေးကိုဆက်လက်ဆင်နွှဲရင်း ပြင်းထန်လာတဲ့တိုက်ပွဲမှာ Jungkook ကရှေ့တန်းကနေ တပ်သားတွေကိုထိန်းကာဦးဆောင်ပြီး David ကတော့ နောက်တန်းမှာတာဝန်ယူရသည် .တစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ပစ်ခက်မှုကြောင့် ကျဆုံးသူတွေလည်းရှိသည်..

YOU ARE READING
" Gold & Pink & Kim " [ Completed ]
RomanceJeon Jungkook & Kim Taehyung & Park Jimin