Unicode
Jimin အဝတ်အစားလဲ နေရင်း Kim Bar မှာတုန်းကပြောခဲ့တဲ့စကားတွေကို ပြန်တွေးမိလိုက်သည်..
' ဘာဖြစ်ဖြစ် ငါခံစားရ ငါ့ရဲ့ရူးသွပ်ခါနီး ငါ့ရဲ့အရိပ်တွေကြောင့် ငါရူးလောက်အောင်ဆိုးသွမ်းမိမှာဘဲ! ! ဆေးရုံကားအသံတွေကြားတိုင်း ငါသေလောက်အောင်နာကြည်းမှာဘဲ !! '
ထိုစကားသံတွေနဲ့အတူ ယှဥ်တွဲတွေးမိလိုက်တော့ အရင်က Kim ရဲ့ပုံရိပ်တချို့ကိုမြင်ယောင်မိသည်
8 နှစ်သားအရွယ်Kimက ထိုစိတ်ကျန်းမာရေး ဆေးရုံကနေ လွတ်မြောက်ခဲ့ပြီးနောက် ရက်အနည်းငယ်ကြာတဲ့အထိ Kim က အမြဲတမ်းကယောင်ကတမ်းနဲ့ အိပ်မက်ဆိုးတွေညတိုင်းမက်သည် တစုံတခုကိုတုန်လှုပ်နေသလိုမျိုး ကြောက်လန့်နေတက်သည် မျက်လုံးတွေက ဂဏမငြိမ်ဖြစ်ကာ ခြောက်ခြားနေသည့်ဟန် ဖြစ်နေတက်သည်
ဒါတွေကိုအရင်က ကိစ္စကြီးတစ်ခုလို မတွေးခဲ့မိတာပင်
ဘာလို့ဆို အဲ့တုန်းက သိသာသာမျိိုးမဟုတ်ဘဲ အမှတ်တမဲ့မို့အရမ်းကြီးသတိမထားခဲ့မိပေကလေးဘဝထဲက ဆေးရုံကားသံတွေကြားတိုင်း အကြောင်းပြချက်မရှိဘဲ နားတွေကိုပိတ်ထားတက်သည်မှာ ဆယ်ကျော်သက်အသက်အရွယ်ရောက်သည့်အထိပင်
ဒီအချက်ကိုလည်း ဆေးရုံကားသံတွေကိုမကြိုက်လို့ ဆိုပြီးထင်ခဲ့တာပင်
" ငါသိပ်ညံ့သွားခဲ့တယ် Kim! ! မင်းအနားတလျှောက်လုံးရှိနေလျက်နဲ့ ငါမင်းရဲ့နာကျင်စရာတွေကိုတောင် သတိမမူမိခဲ့ဘူး! "
ထို့နောက် အတွေးတွေကိုလက်စသတ်ပြီး အသည်းအသက်လေး သွားတက်တဲ့နေရာကို ရှာရန်စိတ်ကူးဖြင့် ကားပါကင်ဘက်ကို ထွက်အလား..
လမ်းတဝက်ပင်မရောက်အား Studio ရှိရာ ဒုတိယထပ်ရဲ့ လူတွေဖြတ်သွားဖြတ်လာရှိသော နေရာ၏ မှန်ပြတင်းပေါက်တွေနားရပ်နေတဲ့ ကျောပြင်လှလှလေး..
ပြတင်းပေါက်အပြင်ဘက်ကို ငေးကာ လေတဖြူးဖြူးတိုက်နေတဲ့ ကြားကနေ စီးကရက်ငွေ့တွေကိုပါ ထုတ်လွင့်နေသူ
သာမန်အလုပ်လုပ်ချိန်တွေဆို လူအသွားအလာများတဲ့ဒီနေရာက အခုလိုညအချိန်မတော်ကြီးတွင်တော့ မီးလေးမထိန်မလင်း ဖျဖျလေးထွန်းထားပြီး ခြောက်ကပ်ကပ်နဲ့တိတ်ဆိတ်လှသည်မို့ ..အခန်းထဲတန်းပြန်မလာဘဲ Kim တစ်ယောက် ဒီမှာ လာနေနေခြင်း

YOU ARE READING
" Gold & Pink & Kim " [ Completed ]
RomanceJeon Jungkook & Kim Taehyung & Park Jimin