( 3 )

1.2K 109 3
                                        

Unicode

" ဗိုလ်ကြီး Jung.. အဲ့ဒီ တပ်ပြေးကို ပြင်းပြင်းထန်ထန်လေး လေ့ကျင့်ပေးပါ. အကူအညီတောင်းပါတယ်ကွာ.. ငါ့သားဆိုပြီး လျော့ပေါ့မပေးနဲ့ "

တပ်ရင်းမှူးကြီးက သူ့ဌာနကို ခေါ်ပြီး သူ့သား Park Jihoon ကို အပြစ်နာနာပေးဖို့ တိုက်တွန်းလေသည်

" စိတ်ချပါ. ကျနော့်အကြောင်းလည်း သိရဲ့သားနဲ့ အပြစ်သားကို ဘယ်သူ့မျက်နှာနဲ့မှ လျော့ပေါ့မပေးတက်ပါဘူး. တပ်ကြပ် Jihoon ရဲ့ ဝါသနာက ဘာများလဲ. စစ်သားတစ်ယောက်ဖြစ်ဖို့တော့ မဟုတ်လောက်ဘူးထင်တယ် "

အရှေ့က တပ်ရင်းမှူးကြီးကို မေးလိုက်တော့ သက်ပြင်းချကာ စိတ်အိုက်သည့်ဟန်ဖြင့်

" အဲ့ဒီကလေးက Kpop idol တစ်ယောက်ဖြစ်ချင်တာ အရူးအမူးဘဲလေ. အဲ့ဒါကြောင့်လည်း သူ့ idol ရဲ့ fan sign တွေ Concert တွေဆို တပ်ထဲကနေ ခိုးခိုးထွက်ပြီး သွားနေတာ "

" သူဝါသနာပါတာ လုပ်ကြည့်ဖို့ခွင့်ပြုဖူးသေးလား. ဖြစ်နိုင်ချေကိုကြည့်ပြီး လက်ခံသင့် လက်မခံသင့် ဆုံးဖြတ်စေချင်တာပါ "

မေးလိုက်တော့ တပ်ရင်းမှူးကြီးက ခပ်ဟဟရယ်ကာဖြင့်

" Audition တွေက အခေါက်ပေါင်းများစွာ ကျတော့ ငါက ဒီကိုခေါ်လာလိုက်တော့တာ.. ဘာမှ ဖြစ်မလာတာထက်စာရင်း နိုင်ငံအတွက် အလုပ်လုပ်ပေးတဲ့ စစ်သားကောင်းတစ်ယောက်ဖြစ်ဖို့ မျှော်လင့်မိလို့လေ "

" ကျနော်နားလည်ပါတယ် တပ်ရင်းမှူးရဲ့ စိတ်ဓာတ်ကို "

" ငါကတော့ ငါ့သားကို မင်းလို့ ဖြစ်စေချင်တာ ဗိုလ်ကြီး Jung ရေ.. မင်းကို စံပြကောင်းအနေနဲ့ ထားစေချင်တာ.. သင်ပြပေးပါအုံး အဲ့ဒီကောင်လေးကို "

တပ်ရင်းမှူးကြီးနဲ့ စကားပြောပြီးထွက်လာတော့
စစ်ဆင်ရေးကွင်းထဲကို ဆင်းလာခဲ့တော့

" ဗိုလ်ကြီး Jung!  ! "

တပ်ကြပ် Lucas နဲ့ တပ်ကြပ်လေး Jihoon က အသင့်အနေအထားဖြင့် အလေးပြုဟန်ဖြင့် ကိုယ်ဟန်ဖို့သည်

" မင်း ငါခိုင်းထားတာတွေ လုပ်ပြီးပြီးလား "

မေးလိုက်တော့ Jihoon က ပခုံးကိုဆန့်ထုတ်ကာ
မတ်မတ်အနေအထားဖြင့်

" Gold & Pink & Kim " [ Completed ] Where stories live. Discover now